တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း . 21.10.2021 မှ 27.10.2021 အထိ


တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း . 21.10.2021 မှ 27.10.2021 အထိ

တနင်္ဂနွေ


အရာရာအဆင်ပြေချောမွေ့မဲ့ကာလတစ်ခုပါပဲ။ လိုအပ်သည်ထက် ပိုမိုကြိုးစားလေ အောင်မြင်မှုပိုလေပါပဲ။ အမိအဘတွေဆီကနေအကူအညီတွေအထောက်အပံ့တွေရလာတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်လို့ ရပိုင်ခွင့်တွေ ရလွယ်မဲ့အချိန်ပါပဲ။ အလုပ်သစ်စချင်တာ၊ဆိုင်အသစ်ဖွင့်ချင်တာ၊ခဏနားထားတဲ့အလုပ်တွေပြန်စချင်တာ မျိုးတွေ က ဒီကာလမှာသင့်တော်ပါတယ်။


အတိတ်က အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီးအကောင်းဆုံးရှေ့ဆက်သွား နိုင်မဲ့ အချိန်တစ်ခုပါပဲ။အလုပ်ပိုတွေကို ကောင်းစွာလျော့ချသွားနိုင်မှာပါ။ စာရွက်စာတမ်းကိစ္စ၊မင်းအစိုးရ ဌာနဆိုင်ရာနဲ့ ဆက်နွယ်သောအလုပ်များအဆင်ပြေနိုင်တာကိုတွေ့ရပါတယ်။အလုပ်နဲ့ပတ်သက်ပြီး အပိုကုန်တာတွေ လျော့သွားပါလိမ့်မယ်။ ကျန်းမာရေးကဆိုးရာကနေ နလန်ပြန်ထလာဖွယ်ရှိတဲ့ကာလပါပဲ။


ကျန်းမာရေးအညံ့အဆိုး တွေကို စတင်ပြီး ကိုယ်ခံအားက ခုခံသွားနိုင်ပါလိမ့်မယ်။ အချစ်ရေးကိစ္စတွေမှာ လူကြီးမိဘတွေကို အသိပေးပြီးမှ ဆောင်ရွက်မယ်ဆိုရင်ပိုမိုကောင်းမွန်ပါတယ်။ အရာရာကို ကိုယ့်သဘောဆန္ဒတစ်ခုထဲနဲ့မလုပ်ပါနဲ့ အမှားများနိုင်ပါတယ်။ အိမ်ထောင်ရေးမှာတော့ စာနာမှု၊နားလည်မှုတွေပိုမိုလိုအပ်နေချိန်ပါ။ အိမ်ထောင်ဘက်အချင်းချင်းအမြင်မကြည် တာတွေဖြစ်နေတတ်ပါတယ်။ ပညာရေးမှာတော့ မိဘတွေရဲ့ဆန္ဒအတိုင်းလိုက်လုပ်ပေးနေရတတ်ပါတယ်။


အကျိုးပေးဂဏန်း ၂/၆/၁ ။ အထူးဟော ကောင်းသောကံများ အကျိုးပေးနေမယ် ။ ယတြာ ဆွမ်းကိုသကြားဖြူးပြီးဘုရားကပ်လှူပါ


တနင်္လာ


အလုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေထက် မိသားစုကိစ္စတွေကိုပိုမိုအရေးပေးသင့်တဲ့ကာလပါပဲ။ချစ်ခြင်းတရားတွေကို လှစ်ပြပြီးတော့အကောင်းဆုံးအခြေအနေတစ်ခုရောက်အောင်ဖန်တီးသွားနိုင်မဲ့ကာလပါ။ မိသားစုအတွင်း မပြေလည်တာတွေပြေလည်နိုင်ဖို့ကြိုးစားပါ။ခိုင်မာသော၊ရေရှည်တည်တံ့နိုင်သောကိစ္စတွေကိုပဲအလေးပေးစဉ်းစား စေချင်ပါတယ်။


ပေါ်ပင်အလုပ်များ၊ မြေစမ်းခရမ်းပျိုးအလုပ်များရှောင်သင့်တဲ့အချိန်ကာလပါပဲ။ တတ်သိနားလည် ထားတဲ့အသိပညာ၊အတက်ပညာတွေကို ပြန်လည်မျှဝေခြင်းများဆောင်ရွက်နိုင်ပါလိမ့်မယ်။ အတူတူလျှောက်ခဲ့တဲ့ စပ်တူလုပ်ငန်းများပိုမိုတိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ထင်မထားတဲ့ အပြောင်းအလဲတွေရှိလာနိုင်ပေမဲ့ ကောင်းသောပြောင်းလဲခြင်းတွေဆိုတာသိထားရပါလိမ့်မယ်။ ငွေကြေးအကူအညီတွေရလာနိုင်သလို ငွေကြေး အထောက်အပံ့တွေလဲ မိမိက ပေးနိုင်ပါလိမ့်မယ်။ ထီဝါသနာပါသူများ တတ်နိုင်သ၍ စပ်တူထိုးထားမျိုးက အကောင်းဆုံးပါပဲ။ အလုပ်ရှာနေသူများ အလုပ်သစ်ရလွယ်ပါတယ်။အချစ်ရေးမှာ‌တော့ ဆွတ်ပျံ့ကြည်နူးစရာများမဲ့ ကာလပါပဲ။ ချစ်သူခင်သူပေါများသလို ချစ်သူရဲ့ကြင်နာယုယခြင်းကိုရရှိပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ထင်သ လိုမဖြစ်နိုင်သေးတဲ့ကာလပါပဲ။ ပညာရေးမှာတော့ ဒီတစ်ပတ်အားအကောင်းဆုံးအနေအထားပဲဖြစ်နေပါလိမ့်မယ်။


အကျိုးပေးဂဏန်း ၃/၀/၉ ။အထူးဟော မိသားစုကိုဦးစားပေးပါ ။ယတြာ နီးစပ်ရာ ကလေးတွေကို ရေခဲမုန့်ဝယ်ကျွေးလိုက်ပါ


အင်္ဂါ


သိထားရမှာကအလျင်စလိုမလုပ်မိဖို့ပဲ။ စိတ်မြန်လက်မြန်လုပ်တတ်တဲ့အကျင့်ရှိသူဆိုရင်တော့ ဒီကာလမှာ အေးအေးဆေးဆေးသာ ဆောင်ရွက်လိုက်ပါ။ လိင်ကိစ္စအရှုပ်အထွေးတွေ၊ လူသိခံလို့မရတဲ့ အတွင်းရေးကိစ္စတွေ ကြုံလာဖွယ်ရှိနေတတ်ပါတယ်။ အပေါင်းအသင်းတွေထဲမှာ အကျင့်ပျက်နေသူ၊ဥပဒေနဲ့မလွတ်ကင်းတာတွေလုပ်နေ သူတွေရှိရင် သူတို့နဲ့နီးနီးကပ်ကပ်မနေဖို့ တိုက်တွန်းလိုပါတယ်။


သူတို့ကြောင့်ကိုယ်ပါအဖမ်းအဆီးခံရတာအမှုအခင်း ကြုံရလာတတွေအလွန်ပဲဖြစ်တတ်ပါတယ်။ စိတ်ကောင်းစေတနာကောင်းသူတွေကတော့ အကူအညီပေးမဲ့သူတွေ ပေါများလာနိုင်ဖွယ်ရှိတဲ့ကာလပါပဲ။ လူယုံတွေက သစ္စာဖောက်တာမျိုးတွေကိုသတိထားဖို့လိုပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေကို ကိုယ်တိုင် ကိုယ်ကျသာဆောင်ရွက်လုပ်ကိုင်စေလိုပါတယ်။


သွေးတိုးရောဂါအခံရှိသူများ၊ ဆီးချို သွေး ချိုတက်လွယ်သူများ ဒီကာလမှာအစားအသောက်အနေအထိုင်တွေဆင်ခြင်စေချင်ပါတယ်။ ရုတ်တရက်ကျန်းမာ ရေးကျဆင်းလွယ်တဲ့ ကာလဖြစ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူထက် အဘက်ဘက်ကနိမ့်ကျသူတစ် ယောက်ကို ရင်ထဲရောက်နေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ တစ်ယောက်နဲ့တစ်ယောက်သံသယတွေ လျော့ ချနိုင်မှာပဲ အိမ်ထောင်ရေးသာယာပါလိမ့်မယ်။ ပညာရေးအတွက် အခက်အခဲတွေရှိနေနိုင်တာကိုတွေ့ရပါတယ်။


အကျိုးပေးဂဏန်း ၁/၄/၃


အထူးဟော စိတ်ညစ်စရာတွေများနေနိုင်တာကိုတွေ့ရပါတယ်။


ယတြာ ဒီအပတ်အတွင်း တတ်နိုင်သမျှ မီးလုံး၊မီးချောင်းအလှူတွေများများလုပ်ပါ


ဗုဒ္ဓဟူး၊ရာဟု


ရန်အတိုက်အခိုက်တွေနဲ့ယှဉ်ပြီးအောင်မြင်လာတတ်တဲ့ ကာလတစ်ခုပါ။ အရာရာကိုအမှားနည်းအောင် ဆောင်နိုင်ပါလိမ့်မယ်။ ပင်ပန်းခံရမယ်။ ဒါပေမဲ့ ပင်ပန်းခဲ့တဲ့အသီးအပွင့်တွေရလာလိမ့်မယ်။ ရာထူးတိုးတတ်ခြင်း၊ စာမေးပွဲ အင်တာဗျူးအောင်မြင်ခြင်းများကြုံရမယ်။ နေရာထိုင်ခင်းကိစ္စ၊အမွေကိစ္စတွေပြောဆိုဆောင်ရွက်လို့ အလွန်ကောင်းတဲ့ကာလပါပဲ။အလုပ်ကြောင့် စိတ်ညစ်စရာမရှိ၊ ပတ်ဝန်းကျင်ကလူတွေကြောင့်သာစိတ်ညစ်ရမယ်။


အိမ်နီးနားချင်း၊ ခြံနီးနားချင်းတွေနဲ့စကားများရတာတွေဖြစ်တတ်ပါတယ်။ ဒီကာလမှာ ရပ်ဝေးမှာရှိတဲ့မိတ်ဆွေတွေရဲ့ အကူအညီတွေ၊အထောက်အပံ့တွေရလာတတ်ပါတယ်။ အနာဂတ်အတွက်စဉ်းစားစရာတွေ၊ အနာဂတ်အတွက်လုပ် ဆောင်ရမဲ့ကိစ္စတွေကို ဒီကာလမှာ စိတ်ကူး၊ကြံစည်ချမှတ်ခြင်းများအထူးကောင်းပါတယ်။အတွေးကောင်းတွေရလာ တတ်တဲ့ကာလဖြစ်လို့ပါပဲ။


ကျန်းမာရေးကိစ္စတွေမှာ သိပ်ပူဖို့တော့ မလိုပေမဲ့ အစားမှန်၊အအိပ်မှန်ဖို့တော့လိုနေတာ ကိုတွေ့ရပါတယ်။ ကျန်းမာရေးသတိတော့ ရှိကြပါ။ အချစ်ရေးအတွက်သတိထားရမှာက ဒီကာလမှာကိုယ့်ဆီချဉ်းကပ်လာသူတွေရှိရင်ပိုသတိထားပါ။ ထိုလူတွေက မိမိကိုချစ်တာထက် မိမိရဲ့ပိုင်ဆိုင်မှုကိုဖြစ်စေ၊အသွေးအသားကို ဖြစ်စေလိုချင်လို့ ချဉ်းကပ်လာသူတွေဖြစ်နေတတ်ပါတယ်။ အိမ်ထောင်ရေးကံကတော့ စိတ်ချမ်းသာရမဲ့ကာလပဲ ဖြစ်ပါတယ်။


အကျိုးပေးဂဏန်း ၂/၅/၉ ။အထူးဟော ကံသင့်ပါတယ်။ ။ယတြာ ဖီးကြမ်းငှက်ပျောသီး ရဟန်းသံဃာလှူပေးပါ


ကြာသပတေး


အလုံးစုံ တိုးတတ်ခြင်းနှင့် အောင်မြင်ခြင်းတွေကို ထိတွေ့ခံစားရတတ်တဲ့ကာလပါပဲ။ ဘာကြောင့်မှန်းမသိ၊ ငွေကြေးကိစ္စ အလုပ်ကိစ္စတွေက ကိုယ်အားမစိုက်ရဘဲ အဆင်ပြေတိုးတတ်နေနိုင်တာကိုတွေ့ရပါတယ်။ အလုပ် အတွက် ကြီးမားတဲ့ မျှော်လင့်ချက်တွေ၊ရင်းနှီးမြုပ်နှံမှုတွေ ကြံစည်ဆောင်ရွက်သင့်တဲ့ကာလပါပဲ။ ဘာလုပ်လုပ် ကိုယ့်တစ်ယောက်ထဲ အတွက်ထက်အများအတွက်စဉ်းစားပြီးလုပ်တာမျိုးတွေအထူးကောင်းပါတယ်။


ပညာရေးနဲ့ ပတ်သက်သောလုပ်ငန်းများ၊ လက်ကားစီးပွားများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတတ်လာနိုင်ဖွယ်ရှိတဲ့အချိန် ပါပဲ။ဆရာသမားတွေထံ ချဉ်းကပ်အကြံယူလို့ကောင်းတဲ့ကာလပါပဲ။ လက်ဆောင်ကောင်းတွေ၊ဘာသာရေး ဂမ္ဘီရ အဆောင်တွေလဲ လက်ဆောင်ရတတ်ပါတယ်။ သတိထားရမှာက စကားမှား၊အပြောမှားတွေဖြစ်တတ်ပါတယ်။ မိမိ ကစေတနာစကားပြောပေမဲ့ အပြောမတတ်တော့ ဆဲသလိုဆိုတာမျိုးလဲဖြစ်ရတတ်ပါတယ်။


ငွေကြေးကူညီထားသူ တွေဆီက အကြွေးပြန်ရတတ်ပါတယ်။ အချစ်ရေးမှာ နားလည်မှုလွဲတာတွေ၊ညှိနှိုင်းရခက်ခဲတာလေးတွေကြုံနေရ နိုင်ပါတယ်။ အိမ်ထောင်ဘက်နဲ့ အလုပ်သမား၊ငယ်သားတွေကိုအကြောင်းပြုပြီးစကားများရတတ်ပါတယ်။ ပညာရေးအတွက်ကောင်းသော အပြောင်းအလဲတွေကြုံရမယ်။


အကျိုးပေးဂဏန်း ၃/၆/၅

အထူးဟော အလုပ်တိုးတတ်လာဖွယ်ရှိနေပါတယ်။

ယတြာ အထူးဟော ပေါက်ဆီ ၃လုံးဘုရားကပ်ပါ


သောကြာ


ငွေကြေးအလိုပြနေတတ်ပါတယ်။ ငွေကြေးအကြပ်အတည်းတွေရင်ဆိုင်ရတတ်ပါတယ်။ စီးပွားရေးနဲ့ ပတ် သက်ပြီး အသစ်တစ်ခုခုမစမိပါစေနဲ့။ လုပ်လက်စအလုပ်တွေကိုပဲ ဘယ်လိုတိုးတတ်အောင်လုပ်မလဲစဉ်းစားစေချင် ပါတယ်။ စိတ်ရှုပ်စရာတွေများနေပြီး လက်ရှိအနေအထားကို စိတ်ကုန်နေမိတယ်။အပြောင်းအလဲတွေလုပ်ချင်လာ နေမိတတ်ပါတယ်။


လူငယ်များစိတ်လေပြီး လမ်းပေါ်မှာသာအနေများနေနိုင်တဲ့ကာလပဲဖြစ်ပါတယ်။ ကံကောင်းနေ တာက မိမိအခက်အခဲတွေကို မိမိမိသားစုဝင်၊ဆွေမျိုးတွေကကူညီဖြေရှင်းပေမဲ့အချိန်ကာလပဲဖြစ်ပါတယ်။ ခရီးဝေး သွားစရာရှိရင်တော့ အဆင်ပြေဖို့ခဲယဉ်းတဲ့အချိန်ကာလဖြစ်ပါတယ်။ အလုပ်ပိုတွေ၊သူများအလုပ်တွေကူနေရာတာမျိုး ဝန်ထမ်းတွေမှာ အထူးကြုံရတတ်ပါတယ်။ ဇိမ်ခံပစ္စည်းများ ဒီကာလမှာမဝယ်ပါနဲ့။


လာဘ်တိတ်သွားတတ်ပါ တယ်။ ကျန်းမာရေးကတော့ အမျိုးသားထက် အမျိုးသမီးတွေပိုမိုခြူခြာလွယ်နေတာကိုတွေ့ရပါတယ်။ ဘာကိစ္စမဆို တက်ကျွမ်းနားလည်သူတွေကိုတိုင်ပင်ပြီးမှဆောင်ရွက်စေချင်ပါတယ်။ အချစ်ရေးမှာ နှစ်ယောက်စလုံးကိုယ့်အလုပ် နဲ့ကိုယ်ရှုပ်နေကြပြီး အေးစက်တဲ့ဆက်ဆံရေးမျိုးဖြစ်နေတတ်ပါတယ်။ အိမ်ထောင်ရေးအတွက် အဘက်ဘက်က စိတ်ချမ်းသာရပါလိမ့်မယ်။ ပညာရေးမှာတော့ အခက်အခဲအတားအဆီးတွေများနေနိုင်တဲ့ကာလပါပဲ။


အကျိုးပေးဂဏန်း ၁/၅/၀

အထူးဟော အနည်းငယ်စိတ်လေနေတတ်ပါတယ်။

ယတြာ ရွှေကြည်ဝယ်ပြီးဘုရားကပ်လှူပေးပါ


စနေ


စိတ်ချမ်းသာဖို့ထက် ကိုယ်ကျန်းမာဖို့အာရုံစိုက်ရမဲ့ကာလဗျ..။ ကျန်းမာရေးခြူခြာလွယ်တယ်။ကိုယ်ခံအား နည်းနေတတ်တယ်။ တက်နိုင်သလောက် ပင်ပင်ပန်းပန်းတွေမလုပ်နဲ့အုံးဗျ။ အထူးသဖြင့် ဝမ်းဗိုက်၊အစာအိမ်၊အရိုး အကြောတွေအားနည်းနေနိုင်တာတွေ့ရတယ်။ အလုပ်ကိစ္စတွေမှာ အားနာတတ်သူတွေသတိထားပါ။အလုပ်ခိုင်းရင် မနိုင်ဝန်ဖြစ်နေရင်ငြင်းပါ။ ရပါတယ်ဆိုပြီးအလုပ်တွေပိပြီး ပင်ပန်းရလိမ့်မယ်။


ဒါကြောင့်အလုပ်ပိုတွေရှောင်ပါ။ လူ ငယ်များသမာအာဇီဝမကျတဲ့လောင်းကစားမလုပ်ပါနဲ့။ ရှုံးမဲမဲပြီး ရှိတာပြောင်သွားနိုင်တဲ့ကာလမို့ပါ။ ကံကောင်းတဲ့အချက်က ငွေရှာလွယ် လိမ့်မယ်။ ဝင်စရာရှိတဲ့ငွေတွေ ဒလဟောဝင်လာလိမ့်မယ်။ ကိုယ်ပိုင်အလုပ်များ ပိုမိုချဲ့ထွင်နိုင်သည်အထိတိုးတတ် လာလိမ့်မယ်။ မိမိဦးနှောက်ကလဲ အကြံကောင်းတွေထွက်လိမ့်မယ်။


အရာရာလေးလံမနေဘဲ သွက်သွက်လုပ်နိုင်မှ အခွင့်အရေးတွေရလိမ့်မယ်။ သက်သေလိုက်တာမျိုး၊အာမခံတာမျိုးတော့ရှောင်စေချင်ပါတယ်။ အချစ်ရေးကိစ္စတွေ မှာတော့ ချစ်သူအပေါ်စိတ်ရှည်ဖို့လိုပါတယ်။ အလုပ်များပြီးမအားလပ်တဲ့ချစ်သူကိုနားလည်ပေးလိုက်ပါ။ အိမ် ထောင်ရေးသာယာပါလိမ့်မယ်။ မိသားစုအတွင်းသတင်းကောင်းကြားရနိုင်ပါတယ်။ ပညာရေးမှာတော့ မိမိကိုယ်တိုင် ကအာရုံစိုက်ဖို့ခက်ခဲပါလိမ့်မယ်။


အကျိုးပေးဂဏန်း ၁/၅/၃ အထူးဟော ကျန်းမာရေးဂရုစိုက်ပေးပါ ယတြာ ပျားရည်လေးဘုရားကပ်ပေးပါ…


၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ


ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 0944 5555 695