စင်ကာပူရှိ မြန်မာစစ်ဗိုလ်ချုပ်များ၏ နိုင်ငံခြားငွေစာရင်းများကို ထိန်းချုပ်တော့မည်


စင်ကာပူရှိ မြန်မာစစ်ဗိုလ်ချုပ်များ၏ နိုင်ငံခြားငွေစာရင်းများကို ထိန်းချုပ်တော့မည်

စင်ကာပူတွင် ပိုင်ဆိုင်ထားသည့် မြန်မာစစ်ဗိုလ်ချုပ်များ၏ နိုင်ငံခြားငွေစာရင်းများကို ထိန်းချုပ်ရန်အတွက် အမေရိကန်နှင့် စင်ကာပူဆွေးနွေး


စင်ကာပူမှာ ပိုင်ဆိုင်ထားတဲ့ မြန်မာစစ်ဗိုလ်ချုပ်များရဲ့ နိုင်ငံခြားငွေစာရင်းများကို ထိန်းချုပ် ရန်အတွက် အမေရိကန်နဲ့ စင်ကာပူတို့ ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet က ၎င်းရဲ့ လူမူကွန်ယက် Twitter ကတစ်ဆင့် ပြောကြားထားပါတယ်။


အတိုင်ပင်ခံ Derek Chollet ဟာ အောက်တိုဘာ ၂၀ရက် က စင်ကာပူ ငွေကြေး အာဏာပိုင်အဖွဲ့ ( Monetary Authority of Singapore-MAS) ဒုတိယ မန်နေးဂျင်း ဒါရိုက်တာနဲ့တွေ့ဆုံပြီး မြန်မာ့စစ်ဗိုလ်ချုပ်များရဲ့ စင်ကာပူနိုင်ငံမှာ ပိုင်ဆိုင်ထားတဲ့ နိုင်ငံခြားငွေစာရင်းများကို ထိန်းချုပ်ရန်အတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


ယင်းအပြင် စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံအပါအ၀င်ဒေသအတွင်း ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာလ ၁၇ ရက်မှ ၂၂ ရက်နေ့ အထိ ထိုင်း၊ စင်္ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံများသို့ လာရောက်နေခြင်း ဖြစ်ပါတယ်။