သားနဲ့အတူ ကားပေါ်ထိုင်နေစဉ် ကံဆိုးမိုးမှောင်ကျခဲ့တဲ့ အမျိုးသမီးရဲ့အဖြစ်

2019-08-20 21:15:27


သားနဲ့အတူ ကားပေါ်ထိုင်နေစဉ် ကံဆိုးမိုးမှောင်ကျခဲ့တဲ့ အမျိုးသမီးရဲ့အဖြစ်

အလယ်တန်းပြဆရာမအလုပ်ကို ရခဲ့လို့ ပျော်နေတဲ့ မာဂါနာတစ်ယောက်အတွက်တော့ ဒီရက်ပိုင်းက သူ့အတွက် စိတ်လှုပ်ရှားစရာပါ။ ဒီတော့ ပျော်ရွှင်တဲ့အထိမ်းအမှတ်အနေနဲ့ သူတို့မိသားစု ညစာသွားစားဖို့အတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး နောက်ဖုံးဖွင့် ကားလေးပေါ်တက် မောင်းဖို့ပြင်နေပါတယ်။။


ဘေးမှာ ယောက်ျားလည်း ပါတဲ့အတွက် သူတို့ရဲ့ ပျော်စရာနေ့လေးတွေထဲက တစ်နေ့လို့ မှတ်ထားပုံပါ။ မမြင်ရတဲ့ ကံကြမ္မာဆိုးဆိုတာ မဖိတ်ခေါ်ဘဲနဲ့ အချိန်မရွေးဝင်လာတတ်ပါတယ်။ ဘယ်သူမှလည်း မလိုချင်ပေမဲ့ မာဂါနာတို့ မိသားစုကတော့ မလိုချင်လည်း အတင်းကို လက်ခံရမယ့် အဖြစ်က ဖြစ်လာခဲ့ပါတယ်။ ဘယ်သူမှန်းမသိတဲ့ သေနတ်ပစ်သမားတွေဟာ




မာဂါနာနဲ့ သူ့ရဲ့ (၅)နှစ်သားလေးရှိနေတဲ့ ကားခေါင်းခန်းထဲကို သနေတ်နဲ့ ပစ်ခတ်သွားခဲ့ပြီး၊ ယောက်ျားဖြစ်သူရော အကုန်လုံး သေနတ်မှန်ခဲ့ပါတယ်။ ကံဆိုးချင်တော့ ကားမောင်းဖို့ စဉ်းစားထားတဲ့ မာဂါနာဟာ သေနတ်ပစ်သမားပစ်သွားတဲ့ ဒရိုင်ဘာခုံဘက်ခြမ်းမှာရှိနေခဲ့ပြီး၊ ပိုများတဲ့ ကျည်ချက်တွေ ခန္ဓာကိုယ်ထဲဝင်ခဲ့ပါတယ်။ သုံးယောက်လုံး ဆေးရုံရောက်ခဲ့ချိန်မှာ




တကယ့်ဖြစ်ရပ်မှန်က ပေါ်လာခဲ့ပါတယ်။ အနားကနေ ကပ်ပစ်ခဲ့တဲ့အတွက် မာဂါနာဟာ သားလေးကို အသက်ပေးကာကွယ်ခဲ့တာဖြစ်ပြီး၊ တစ်ဘက်က ယောက်ျားဖြစ်သူက သေနတ်ဒဏ်ရာကို ပုခုံးတွေ လက်မောင်းတွေပဲ မှန်ခဲ့တာပါ။ ဘာကြောင့်ပစ်သွားရတဲ့ ရည်ရွယ်ချက်လုံးဝမရှိသလို သူတို့မိသားစုမှာ အငြိုးထားစရာကိစ္စလည်း လုံးဝမရှိဘူးလို့ဆိုပါတယ်။


အမေရိကန်မှာတော့ ဒီဖြစ်ရပ်တွေဟာ တစ်နေ့ပြီးတစ်နေ့ ဖြစ်နေတတ်ပြီး၊ ဘာအကြောင်းမှလည်း မရှိသလို ဘာရည်ရွယ်ချက်မှလည်း မရှိဘဲ အပစ်ခံနေရတာပါ။အခုကံဆိုးခဲ့တဲ့ မာဂါနာတို့ မိသားစုကတော့ အမိမဲ့ (၅)နှစ်သားလေးနဲ့ သူ့အဖေတို့ အသက်ရှင်ခဲ့တာကိုပဲ ကြံဖန်ကျေးဇူးတင်နေရမလိုပါပဲ။


သူရေး (D Nae Thit)