နာရီပေါင်းများစွာ ကားထဲမှာ အပိတ်ခံထားရလို့ ကလေး(၂)ဦး သေဆုံး

2019-08-20 21:11:21


နာရီပေါင်းများစွာ ကားထဲမှာ အပိတ်ခံထားရလို့ ကလေး(၂)ဦး သေဆုံး

ဘယ်သူမပြု မိမိမှုပါပဲ။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ကားထဲမှာ ထားခဲ့မယ်ဆိုရင် ဘာအကြောင်းကြောင်းပဲဖြစ်စေနာရီဝက်အတွင်းမှာ အပြင်ကိုပြန်ထုတ်နိုင်ရင် ပြန်ထုတ်၊ ပြန်မထုတ်နိုင်ရင်တော့ အမေရိကန်လို နေရာမျိုးမှာ ကားထဲကျန်ခဲ့တဲ့ ကလေးတွေဟာ ကံမကောင်းစွာနဲ့ သေဆုံးကုန်ပါတယ်။


(၂၂)လသမီးလေးပဲရှိသေးတဲ့ ကလေးကို ဦးလေးဖြစ်သူ အဒေါ်ဖြစ်သူတွေနဲ့ ယုံယုံကြည်ကြည် စောင့်ရှောက်ခိုင်းထားတဲ့ လော့ရင့်ဆိုတဲ့ အမျိုးသားအတွက် ဒီသတင်းကို ကြားချိန်မှာ ပေါက်ကွဲခဲ့ပါတယ်။ ဖြစ်ရပ်ကနည်းနည်း ရှုပ်ထွေးပါတယ်။ သူတို့နှစ်ယောက်က ကလေးကိုမေ့ပြီး၊ ကားထဲမှာ (၈)နာရီကျော်ကြာအောင်ထားခဲ့တာပါ။


ဆုံးသွားသော ကလေးငယ်

အပူချိန် (၃၀)ဒီဂရီ ဆဲစီးရပ်ရှိနေတဲ့ နေ့တာကြီးထဲမှာ (၂၂)လသမီးလေးက (၈)နာရီကျော်ကြာအောင် ပိတ်ခံရချိန်မှာ အသက်ရှင်ဖို့ဆိုတဲ့ ကိစ္စကတော့ မဖြစ်နိုင်တော့ပါဘူး။ ဒါတောင်မှ ဘေးနားမှာကားလာရပ်တဲ့ ခရီးသွားတစ်ယောက်က အတင်းတွေ့လို့ ကားကိုရိုက်ခွဲပြီး ရဲနဲ့ ပတ်ဝန်းကျင်ကို အကြောင်းကြားခဲ့လို့ သိခဲ့ရတာပါ။ ရဲတွေရောက်လာချိန် နာရီဝက်မှာ အပြီးသတ်တံခါးကို အတူတူဆွဲဖွင့်နိုင်ခဲ့ချိန် သမီးလေးက သေသွားခဲ့ပါပြီ။




ဒီနေရာမှာအဖေဖြစ်သူက ဘာလုပ်နေလဲလို့ မေးစရာရှိပါတယ်။ အဖေဖြစ်သူက မကြာသေးခင်ကမှ ထောင်ကလွတ်လာတာဖြစ်သလို သမီးလေးကို အုပ်ထိန်းခွင့်ရဖို့ အယူခံဝင်နေရတုန်းပါ။ ဖြစ်စဉ်ကို ကြားအပြီးမှာ သူ့ရဲ့ဒေါသတွေ ထွက်ခဲ့ပေမဲ့ လက်ရှိအချိန်ထိ ရဲတွေကလည်း ဘယ်သူ့ကို တရားစွဲရမလဲကို စုံစမ်းနေတုန်းပါပဲ။ တစ်ချိန်တည်းမှာပဲ အလားတူဖြစ်ရပ်တစ်ခုက မိုင်ပေါင်း (၉၀၀)အကွာမှာဖြစ်ခဲ့ပြီး၊



အဖေဖြစ်သူ

အပူချိန် (၃၃)ဒီဂရီဆဲစီးရပ် ရှိနေတဲ့ အချိန်ကြီးမှာ တစ်နှစ်သားလေးတစ်ယောက်ကို ကားပါကင်ထဲမှာကားထိုးပြီး မေ့လာခဲ့ပြီး၊ နာရီများစွာ ကြာပြီးချိန်မှာအခုဖြစ်ရပ်လိုမျိုး တစ်ချိန်တည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက ဒီဖြစ်ရပ်မှာလည်း ဘယ်သူ့ကိုမှ မဖမ်းထားဘူးလို့ ဆိုပါတယ်။ အမေရိကန်မှာ ဒီဖြစ်ရပ်တွေဟာ နှစ်တိုင်း တစ်နှစ်ကို (၃၅)ယောက်လောက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ သေချာတာက ဖြစ်တိုင်းလည်း ဘယ်သူမှအဖမ်းမခံရတာပါပဲ။



ဦးလေးဖြစ်သူ

သူရေး (D Nae Khit Media )