အမျိုးသမီးနှုတ်ခမ်းနီကို အမျိုးသားလိင်အင်္ဂါလို ကြော်ငြာရိုက်ကူးခဲ့တဲ့ ကုမ္ပဏီ၊ နှုတ်ခမ်းနီ ချက်ချင်း နာမည်ကြီး

2019-08-20 21:08:51


အမျိုးသမီးနှုတ်ခမ်းနီကို အမျိုးသားလိင်အင်္ဂါလို ကြော်ငြာရိုက်ကူးခဲ့တဲ့ ကုမ္ပဏီ၊ နှုတ်ခမ်းနီ ချက်ချင်း နာမည်ကြီး

ဘယ်လိုမျိုး ထုတ်ကုန် ဖြစ်ဖြစ်၊ ပစ္စည်းသစ်တစ်ခုကို မိတ်ဆက်ချင်တဲ့ အခါမှာ ကုမ္ပဏီ အများစုဟာ ဈေးကွက် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး လူတွေ စိတ်ဝင်စားလာအောင် ကြော်ငြာရိုက်ကြပါတယ်။ အခုလည်း နှုတ်ခမ်းနီ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ NARS ကုမ္ပဏီဟာ “After Hours”၊ “နာရီပေါင်းမျာစွာ နောက်ပိုင်း”လို့ အမည်ပေးထားတဲ့ နှုတ်ခမ်းနီကို ဈေးကွက်ဖြန့်ဖို့ ကြော်ငြာရိုက်ကူးတဲ့ အခါမှာ ချက်ချင်း နာမည်ရအောင် ရိုက်နိုင်ခဲ့ပါတယ်။


“NARS” နှုတ်ခမ်းနီ ကုမ္ပဏီဟာ သူတို့ရဲ့ ထုတ်ကုန်အသစ် နှုတ်ခမ်းနီကို အမျိုးသားလိင်အင်္ဂါလို ပုံဖော်လိုက်ပြီး ကြော်ငြာရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ “NARS” နှုတ်ခမ်းနီ ကုမ္ပဏီဟာ အမျိုးသားလိဂ်အင်္ဂါလို ပုံဖော်ရိုက်ကူးတဲ့ နှုတ်ခမ်းနီ ကြော်ငြာကို လူမှုကွန်ရက် အင်စတာဂရမ် “Instagram” မှာ တင်ပြီး မှတ်ချက်များစွာ ရရှိခဲ့ပါတယ်။




နှုတ်ခမ်းနီ ကြော်ငြာကို မကြိုက်တဲ့ သူတွေလည်း ရှိသလို၊ သဘောကျတဲ့ သူတွေလည်း ရှိခဲ့ကြပါတယ်။“NARS” ကုမ္ပဏီဟာ ကြော်ငြာဗီဒီယိုကို တင်ကတည်းက စာကိုလည်း ခပ်မိုက်မိုက်ရေးသားခဲ့ပြီး ဗီဒီယိုနဲ့ အတူ တွဲတင်ရေးထားတာက “၀တ်စားလစ်သူက သင့်ကို တစ်ညလုံး အတူရှိနေပေးတဲ့ အခါမှာ မော်ရိုကို နှုတ်ခန်းနီနဲ့ အတူ သန်းခေါင်ယံအထိ နှစ်ပါးသွားလိုက်ပါ”လို့ ရေးခဲ့ပါတယ်။


ကြော်ငြာဗီဒီယို နဲ့ အရေးအသားဟာ လူတွေကို အတော်လေး ဖမ်းစားနိုင်ခဲ့ပြီး ချက်ချင်းဆိုသလိုပဲ နှုတ်ခမ်းနီ ကြော်ငြာက နာမည်ကြီးသွားခဲ့ပါတယ်။အင်စတာဂရမ်အသုံးပြုသူအများစုကတော့ ကြော်ငြာဗီဒီယိုကို ချီးကျူး ဂုဏ်ပြုခဲ့ကြပြီး ရေးသားခဲ့ကြတာတွေက “ကောင်းလွန်းတဲ့ ဈေးကွက်နည်းဗျူဟာပဲ”၊ “ဒါကမှ စစ်မှန်တဲ့ နှုတ်ခမ်းနီ ကြော်ငြာ၊ သဘောကျတယ်” စသဖြင့် အမျိုးမျိုးအထွေထွေ ရေးသားကြပါတယ်။


လက်ရှိမှာတော့ ဒီနှုတ်ခမ်းနီဟာ အင်္ဂလန်နိုင်ငံမှာတောင် ဈေးကွက် မတင်ရသေးတာ ဖြစ်ပေမဲ့လည်း မထင်မှတ်ဘဲ အတော်လေးကို နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။


Ko Khant ( D Nae Khit Media )