ဗိုက်နာပြီးခွဲခန်းဝင်ရမှ မိမိမှာ ကိုယ်ဝန်ရှိမှန်းသိခဲ့တဲ့ အမျိုးသမီး၊ (၃)မြွာပူးမွေးဖွား

2019-08-20 21:07:03


ဗိုက်နာပြီးခွဲခန်းဝင်ရမှ မိမိမှာ ကိုယ်ဝန်ရှိမှန်းသိခဲ့တဲ့ အမျိုးသမီး၊ (၃)မြွာပူးမွေးဖွား

အမေရိကန် ဒါကိုတာတောင်ပိုင်း၊ Sturgis မှာနေထိုင်တဲ့ Danielle Giltz အမည်ရ အမျိုးသမီးဟာ သူမမှာကိုယ်ဝန်ရှိမှန်း မသိခဲ့ပါဘူး။ Giltz ဟာ သြဂုတ်လ (၁၀)ရက်နေ့မှာ ရေမွှာပေါက်ပြီး၊ ဆေးရုံကို အမြန်ပြေးခဲ့ရပါတယ်။ အဲဒီတော့မှ သူမမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ သိခဲ့ရတာပါတဲ့။


Giltz နဲ့ Austin တို့မှာ ကလေးနှစ်ယောက် ရှိထားပြီးဖြစ်တဲ့အတွက်၊ မိသားစုသေးသေးလေးမှာ ပျော်ရွှင်နေခဲ့ကြပါတယ်။ ဆေးရုံကို အရေးပေါ်ရောက်သွားချိန်မှာတော့ ဆရာဝန်နဲ့ သူနာပြုတွေစကားကြောင့် သူမနဲ့ Austin တို့ဟာ အတော်လေး အံ့အားသင့်သွားကြတာပါ။




Glitz မှာ သုံးမြွှာကိုယ်ဝန် လွယ်ထားရပြီး မကြာမီမှာ အောင်မြင်စွာ မွေးဖွားနိုင်လိမ့်မယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဆရာဝန်တွေက အမြွှာကိုနှစ်ယောက်လို့ ထင်နေပြီး၊ အရေးပေါ်စစ်လိုက်ရတာမို့ တိတိကျကျ အဖြေမထုတ်နိုင်ခဲ့တာပါ။ နောက်ဆုံး (၃)ယောက်မြောက် မွေးလာတော့ အတော်လေး အံ့သြခဲ့ရပါတယ်။




မွေးလာတဲ့ အမြွှာ(၃)ယောက်ကို Nikki ၊ Gypsy နဲ့ သားလေးနာမည်ကိုတော့ Blaze လို့ အမည်ပေးထားပါသတဲ့။ အားလုံးဟာ (၄)ပေါင်စီဖြစ်ပြီး၊ ကျန်းမာကြတယ်လို့ ဆရာဝန်က ပြောပါတယ်။ နောက်ပြီး (၄)မိနစ်စီခြားပြီး၊ မွေးခဲ့တာဖြစ်ပါတယ်။ အားလုံးကို ခွဲစိတ် မွေးခဲ့ရတာပါ။




လင်းဇော်ကို