စိန်ပွင့်(၂)သန်းနဲ့စီခြယ်ထားတဲ့ ပေါင်(၂.၅)သိန်းတန် လန်ဘော်ဂီနီကို ကြွားလိုက်တဲ့မော်ဒယ်

2019-08-20 21:05:14


စိန်ပွင့်(၂)သန်းနဲ့စီခြယ်ထားတဲ့ ပေါင်(၂.၅)သိန်းတန် လန်ဘော်ဂီနီကို ကြွားလိုက်တဲ့မော်ဒယ်

မကြာသေးခင်က လန်ဒန်ရဲ့ ဈေးကြီးကားတွေအကြောင်း အစီအစဉ်မှာ အလွန်ဈေးကြီးလှတဲ့၊ စိန်ပွင့်တွေစီခြယ်ထားတဲ့ ပေါင်(၂.၇)သိန်းတန် Lamborghini Aventador ၊ ပေါင် (၂.၈)သိန်းတန် Rolls-Royce Dawn နဲ့ ပေါင် (၁.၄)သိန်းတန် Porsche 911 GT3 ကားတွေကို လူစိတ်ဝင်စားမှု များပြာခဲ့ပါတယ်။


ဒီအထဲမှာမှ ရုရှားမော်ဒယ် Daria Radionoca ပြသခဲ့တဲ့ ကားတော့ အလွန်လန်းနေလို့ ကားကို ကြည့်တဲ့လူတွေတောင် မျက်လုံးတွေ တဖိတ်ဖိတ် တောက်ရသည်အထိပါ။ ကားတန်ဖိုးကတော့ ပေါင်(၂.၅)သန်းဖြစ်ပြီး၊ 261mph Bugatti Cheyron အမျိုးအစား လန်ဘော်ဂီနီကား ဖြစ်ပါတယ်။




တစ်ကမ္ဘာလုံးမှာ ကားအစီး(၅၀၀)သာ ထုတ်လုပ်ပြီး၊ ကားတွေကို စိန်ပွင့်စီခြယ်ဖို့အတွက် လူပေါင်း(၇၀၀)ရဲ့လုပ်အားနဲ့ နှစ်လကြာ ရွှိုင်းခဲ့ရပါတယ်။ ကားကို စိန်ပွင့်(၂)သန်းနဲ့ စီခြယ်ထားတာဖြစ်ပြီး၊ Swarovski ရတနာကုမ္ပဏီက တာဝန်ယူကာ အသေးစိတ်ပြင်ဆင်ပေးထားတာပါ။




Daria ဟာ အသက်(၂၄)နှစ်အရွယ် မော်ဒယ်ဖြစ်ပြီး၊ သူမကိုယ်တိုင်က ငွေကြေးချမ်းသာလွန်းလို့ လန်ဒန်မှာ ကျောင်းလာတက်နေသူပါ။ သူမဟာ ဈေးအလွန်ကြီးတဲ့ သားရေဖက်ရှင်တွေနဲ့၊ ငွေကြေးချမ်းသာတဲ့အသိုင်းအဝိုင်းကိုသာ ပေါင်းသင်းဆက်ဆံပြီး ကိုယ်တိုင် ဈေကြီးတဲ့ ကုန်တွေကို ပြန်ရောင်းနေပါတယ်။




ယခင်ကလည်း Daria ဟာ Lamborghini Huracan နဲ့ Mercedes CLS တို့ကို ဝယ်ယူခဲ့သူဖြစ်ပြီး၊ အခု ဒီကားကြီးကတော့ ကမ္ဘာပေါ်မှာ အစီးရေ(၅၀၀)သာထုတ်လုပ်တာမို့၊ အဲဒီကားကိုစီးနိုင်တဲ့ ဒိတ်ဒိတ်ကျဲသူဌေးတွေထဲမှာ သူမက တစ်ယောက်အပါအဝင် ဖြစ်လာပါတယ်။




လန်ဒန်ရဲ့လူကုံထံရပ်ကွက်က လမ်းတွေဟာ အဖိုးတန်ကားတွေ ကြွားစရာနေရာဖြစ်လာပြီး၊ သူမက သတင်းဌာနတစ်ခုနဲ့ တွေ့ဆုံစဉ်မှာ ” ကျွန်မမှာ ရတနာတွေ အများကြီးရှိတယ် …. စိန်တွေဆိုတာ ကောင်မလေးတွေအတွက် အကောင်းဆုံးအဖော်တွေပေါ့ … ဘယ်နေရာရောက်ရောက် သူတို့က ရှိပြီးသားပဲ … စိန်တွေနဲ့ စီခြယ်ရတာကို ကြိုက်တယ် “လို့ ပြောပါတယ်။


နေသူရိန်