မုဒိန်းမှု​နဲ့ ရလာတဲ့ကိုယ်​ဝန်​ပျက်​ကျခြင်း​ကြောင့်​ ​ထောင်​ဒဏ်​နှစ်​သုံးဆယ်​ ကျခံခဲ့ရတဲ့အမျိုးသမီး ပြစ်​ဒဏ်​​ပယ်​ဖျက်​​ပေးခြင်းခံရ

2019-08-20 21:01:34


မုဒိန်းမှု​နဲ့ ရလာတဲ့ကိုယ်​ဝန်​ပျက်​ကျခြင်း​ကြောင့်​ ​ထောင်​ဒဏ်​နှစ်​သုံးဆယ်​ ကျခံခဲ့ရတဲ့အမျိုးသမီး ပြစ်​ဒဏ်​​ပယ်​ဖျက်​​ပေးခြင်းခံရ

မြောက်​အ​မေရိကတိုက်​အလယ်​ပို်ု​င်းက အယ်​လ်​ဆာ​ဗေးဒိုးနိုင်​ငံဟာ ကိုယ်​ဝန်​ဖျက်​ချခြင်းကို အတင်းကျပ်​ဆုံးတားမြစ်​ထားတဲ့ နိုင်​ငံတစ်​ခုဖြစ်​ပါတယ်​။ ကိုယ်​ဝန်​ဖျက်​ချခြင်း လုံးဝတားမြစ်​ထားပြီး အဲ့ဒီ ကိုယ်​ဝန်​ဟာ အဓမ္မြ့ပုကျင့်​ခြင်းခံရလို့ ရလာတဲ့ကိုယ်​ဝန်​ဖြစ်​​နေရင်​​တောင်​၊ အဲ့ဒီ က​လေးကို​မွေးလိုက်​ရင်​ မိခင်​က​သေဆုံးနိုင်​​ချေရှိရင်​​တောင်​ ဥပ​ဒေအရ လုံးဝဖျက်​ချခွင့်​မရှိတာပါ။


အယ်​လ်​ဆာ​ဗေးဒိုးနိုင်​ငံရဲ့သမိုင်းမှာ​တော့ ပထမဆုံးအ​နေနဲ့ အဖြစ်​အပျက်​ တစ်​ခုဖြစ်​ပွားသွားခဲ့ပါတယ်​။ အဲ့ဒါက​တော့ အဓမ္မပြုကျင့်​ခံရတာက​နေတဆင့်​ ကိုယ်​ဝန်​ရရှိသွားခဲ့တဲ့ အသက်​ ၂၁ နှစ်​အရွယ်​ Evelyn Hernandez ဟာ ကိုယ်​ဝန်​ကို တိုးတိုးတိတ်​ဖျက်​ချပစ်​ခဲ့ရာက​နေ ​ထောင်​ဒဏ်​ အနှစ်​ ၃၀ ချမှတ်​ခံခဲ့ရတာပါ။




သူဟာ ၂၀၁၆ ခုနှစ်​တုန်းက ​ဝမ်းဗိုက်​အပြင်းအထန်​နာကျင်​ခံစားခဲ့ရပြီး ၃၂ ပတ်​သားအရွယ်​ ကိုယ်​ဝန်​ကို အပြင်ဘက်​​သန့်စင်ခန်း​​​တစ်​ခုထဲ ​မွေးဖွားမိခဲ့ပြီး အဲ့ဒီ က​လေး​လေးဟာ အသက်​​သေဆုံးလျက်​သား​မွေးဖွားလာခဲ့တာဖြစ်​ပါတယ်​။




ဒီက​လေးအ​သေ​လေးကို မိလ္လာကန်​ထဲက​နေ​ ​တွေ့ရှိခဲ့ရပြီးချိန်​မှာ Evelyn ကို စွဲချက်​တင်​ခဲ့ကြတာဖြစ်​ပါတယ်​။ မှုခင်းစစ်​ဆရာဝန်​​တွေက​တော့ ဒီက​လေးဟာ မိခင်​ဝမ်းဗိုက်​တွင်းမှာ​သေဆုံးနှင့်​ပြီးသားလား၊ သို့ မိလ္လာကန်​ထဲမှာ ​သေဆုံးသွားခဲ့တာလားဆိုတာကို အ​ဖြေထုတ်​ဖို့မစွမ်းသာခဲ့ကြပါဘူး။




ဒီကိစ္စအ​ပေါ် သူ​ရော သူ့အ​မေကပါ Evelyn မှာ ကိုယ်​ဝန်​ရှိ​နေ​ကြောင်း ကြိုတင်​မသိရှိခဲ့ကြ​ကြောင်း ငြင်းဆိုခဲ့ကြ​ပေမဲ့ အစိုးရ​ရှေ့​နေ​တွေက အယုံအကြည်​မရှိခဲ့ကြဘဲ Evelyn ကို စွဲချက်​တင်​ခဲ့ကြပြီး ​ထောင်​ထဲမှာ ၂နှစ်​နဲ့၉လ ​နေခဲ့ရပါတယ်​။




မ​နေ့က ပြန်​လည်​စစ်​​ဆေးကြားနာမှုမှာ​တော့ တရားသူကြီးရဲ့ ဆုံးဖြတ်​ချက်​အရ သူဟာ ပြစ်​ဒဏ်​က​နေကွင်းလုံးကျွတ်​လွတ်​​မြောက်​သွားခဲ့ပြီး Evelyn အတွက်​ တရားမျှတမှုကိုရရှိခဲ့လို့ တစ်​ပြည်​လုံးက ​ပျော်​ရွှင်​ဝမ်းသာ​နေခဲ့ကြရတာပါ။ ဒါဟာ ကိုယ်​ဝန်​ဖျက်​ချခြင်းကို တင်းကျပ်​ပိတ်​ပင်​ထားတဲ့ အယ်​ဆာ​ဗေးဒိုးနိုင်​ငံမှာ​တော့ အထူးခြားဆုံးဖြစ်​ရပ်​တစ်​ခုဆိုရင်​မမှားပါဘူး၊


EFIL-ApannPyay