ကလေး မထိန်းချင်လို့ နို့ဘူး ထဲ အိပ်ဆေး ခပ်တဲ့ အိပ်ဖော်လုပ်ရပ်ကြောင့် အံ့အားသင့်ခဲ့ရတဲ့ မိဘတွေ

2019-08-20 14:15:38


ကလေး မထိန်းချင်လို့ နို့ဘူး ထဲ အိပ်ဆေး ခပ်တဲ့ အိပ်ဖော်လုပ်ရပ်ကြောင့် အံ့အားသင့်ခဲ့ရတဲ့ မိဘတွေ

မိဘတွေဟာ သားသမီးတွေအတွက် အလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း တစ်ခါတစ်ရံမှာ သားသမီးတွေအပေါ်မှာ တာဝန်တွေ လစ်ဟင်းတတ်ကြပါတယ်။ ဒါ့ကြောင့် အိမ်အကူတွေ ကလေးထိန်းတွေ ငွေကြေးကုန်ကျခံပြီး သားသမီးတွေကို စောင့်ရှောက်ဖို့ ငှားရမ်းထားကြပါတယ်။ ဒီလို ငှားရမ်းတဲ့အခါ ကိုယ့်ရဲ့အလုပ်ကို တန်ဖိုးထားပြီး လုပ်ကိုင်ကြတဲ့ လူတွေ ရှိသလို၊ ကိုယ့်အလုပ်ပေါ်မှာ ပေါ့ပေါ့တန်တန်နဲ့ ငွေရပြီးရော လုပ်တတ်တဲ့ လူတွေလည်း ရှိပါတယ်။


ဒီအဖြစ်လေးဟာ အင်ဒိုနီးရှားမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးပါပဲ။ အင်ဒိုနီးရှား လင်မယား နှစ်ဦးဟာ အလုပ်တွေပိရင်း ကလေးတွေ မစောင့်ရှောက်နိုင်လို့ ဂျူ ဆိုတဲ့ အမျိုးသမီး တစ်ယောက်ကို ကလေးထိန်းအဖြစ် ငှားရမ်းလိုက်ပါတယ်။ စစချင်းမှာတော့ ဂျူဆိုတဲ့ အမျိုးသမီးဟာ ဘာပြဿနာမှ မဖြစ်ပေမယ့် ၃ လ လောက်အချိန်ကာလတစ်ခုမှာတော့ ပြဿနာက စဖြစ်လာခဲ့ပါတယ်။




လင်မယား ၂ ယောက် အိမ်ကို စောရောက်တဲ့ တစ်နေ့ ကလေးတွေကို ထိန်းဖို့လုပ်တဲ့အချိန်မှာ ကလေးတွေဟာ အစောကြီး အိပ်စက်သွားကြပါပြီ။ ဒီလိုနဲ့ နောက်ရက်တွေမှာလည်း ကလေးတွေဟာ စောစောအိပ်နေကြပြီး၊ နို့ဘူးတိုက်ရင် မသောက်ဘဲ အတင်းကို ငြင်းဆန်ကြပါတော့တယ်။ ဒီအဖြစ်အပျက်ကြောင့် သံသယဝင်လာခဲ့တဲ့ လင်မယား ၂ ယောက်ကို သူငယ်ချင်းတချို့က ကလေးထိန်းဟာ ကလေးနို့ဘူးတွေကို အိပ်ဆေးတွေ ထည့်တိုက်နေတာဖြစ်မယ် စုံစမ်းဖို့ အကြံပေးလိုက်ပါတယ်။




မသင်္ကာပေမယ့်လည်း စစ်ဖို့ အကြောင်းအရင်း မခိုင်လုံတာကြောင့် မမေးခဲ့ပေမယ့် တစ်နေ့ နံနက်မှာတော့ ကလေးတွေဟာ ကလေးတွေဟာ နိုးလို့ မရအောင်ကို အိပ်စက်နေကြပါတော့တယ်။ နို့မှာ ပါတဲ့ ဓါတ်ပြုတွေနဲ့ ဆေးတွေကြောင့် ကလေးတွေကို နိုးမရတဲ့အထိ အိပ်စက်စေခဲ့တာပါ။ ဒီတော့ မိဘတွေဟာ ဂျူကို ခေါ်ပြီး စစ်ဆေးမေးကြပါတော့တယ်။ ဂျူဟာလည်း သူမ အလုပ်ပြုတ်မှာကြောက်တာနဲ့ ငိုယိုပြီး အဖြစ်မှန်ကို ပြောပြပါတော့တယ်။




ကလေးတွေ အငိုတိတ်အောင် အိပ်ဆေးထည့်ပြီး တိုက်ခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။ ဒီတော့ လင်မယား ၂ ယောက်ဟာလည်း သူလုပ်ခဲ့တဲ့ ပုံစံတွေကို ပြန်လည် သရုပ်ပြစေပြီး၊ သက်သေမှတ်တမ်းနဲ့ တကွ ရယူထားလိုက်ပါတယ်။ ပထမတော့ ရဲကို တိုင်ပြီး အရေးယူဖို့ စဉ်းစားခဲ့ကြပေမယ့်လည်း၊ မတိုင်ဖြစ်တော့ဘဲ အင်စတာဂရမ်မှာပဲ ဂျူ ကို ကလေးထိန်းအဖြစ် မငှားရမ်းကြဖို့ အကြံပြုရေးသား တင်ပြထားခဲ့ကြပါတယ်။ ဂျူ ရပ်လုပ်ရပ်ဟာ သိပ်ကိုကြောက်ဖို့ ကောင်းတဲ့အတွက် အလုပ်က နေလည်း ချက်ခြင်း ဖြုတ်ပြစ်ခဲ့တယ်လို့ သိရပါတယ်။


လက်ရှိအချိန်မှာတော့ ကလေးတွေဟာ အိပ်ဆေးကို ရက်ဆက် သောက်ခဲ့ရလို့ အဆိပ်သင့်သလို ဖြစ်ခဲ့ရပြီး၊ ဆေးရုံမှာ ဆေးကုသခဲ့တယ်လို့ သိရပါတယ်။


Writer – SHN (Shwe Yaung Lan)