(၁၅)နှစ်အရွယ် ညီမဝမ်းကွဲကို ပိုက်ဆံပေးမယ်ဆိုပြီး ကာမလိမ်လည်ကာ သတ်ပစ်ခဲ့သူ

2019-08-20 12:43:08


(၁၅)နှစ်အရွယ် ညီမဝမ်းကွဲကို ပိုက်ဆံပေးမယ်ဆိုပြီး ကာမလိမ်လည်ကာ သတ်ပစ်ခဲ့သူ

အမျိုးသားတစ်ယောက်ဟာ သူရဲ့ အသက်(၁၅)နှစ်အရွယ် ညီမဝမ်းကွဲကို မဖွယ်မရာလုပ်ဖို့အတွက် စွဲဆောင်ခဲ့ပြီး၊ ဒီအတွက် ယွမ်(၁၀၀၀)ပေးမယ်လို့ လှည့်ဖျားခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ မဖြစ်သင့်တာဖြစ်ပြီးနောက်၊ ကောင်မလေးက ပိုက်ဆံတောင်းတဲ့အခါ သတ်ပစ်ခဲ့ပါတယ်။


အဆိုပါ တရားခံအမျိုးသားဟာ အသက်(၂၅)ဖြစ်ပြီး၊ တရုတ်နိုင်ငံ၊ Guangxi မှာ နေထိုင်ပါတယ်။ သူဟာ ဇွန်လ(၂)ရက်နေ့က ကောင်မလေးကို သူ့အိမ်ကို ခေါ်သွားပြီး၊ ယွမ်(၁၀၀၀) အပေးအယူတည့်သွားပြီးနောက်၊ သူငယ်ချင်းဖြစ်သူဆီက ဆိုင်ကယ်ငှားပြီး အနီးအနားက တောင်ကုန်းတစ်ခုကို သွားရောက်ခဲ့ပါတယ်။




အဲဒီနောက် တောင်ကုန်းပေါ်က ဂူငယ်လေးတစ်ခုတည်းမှာ ကောင်မလေးနဲ့ စိတ်ကြိုက် (၃/၄)ကြိမ်အထိ နေထိုင်ခဲ့ပါတယ်။ အဲဒီနောက် ကောင်မလေးက ပိုက်ဆံတောင်းတဲ့အခါ သူ့မှာ ပေးစရာမရှိကြောင်း၊ တစ်ယောက်ယောက်ဆီက ချေးပေးမယ့်အကြောင်း ထပ်မံလှည့်ဖျားခဲ့ပါတယ်။




ဒီအခါမှာ ကောင်မလေးက မယုံတော့လို့ မရမက တောင်းခဲ့ရာ၊ သူက ဒေါသထွက်ပြီး ကလေးမလေးကို လည်ပင်းညှစ်သတ်လိုက်ပါတယ်။ သူမရဲ့အလောင်းကို ဂူထဲမှာပဲ ထားရစ်ခဲ့လိုက်ပါတယ်။ အဲဒီတော့ Liuzhou မြို့ကို ထွက်ပြေးတိမ်းရှောင်သွားပြီး-


သြဂုတ်လ (၁၃)ရက်နေ့မှ ရွာသားတစ်ယောက်က အုတ်ဂူထဲက ကောင်မလေးရဲ့ ပုပ်ပွနေတဲ့အလောင်းကို တွေ့ခဲ့ရတော့တာပါ။ အဲဒီနောက် ရဲကို အကြောင်းကြားခဲ့ပြီး၊ သက်သေကျန်ပစ္စည်းတွေကို စစ်ဆေးတဲ့အခါမှာ လူပျောက်တိုင်ကြားထားတဲ့လူတွေနဲ့ ဆက်စပ်စစ်ဆေးခဲ့ပါတယ်။




နောက်ဆုံး သေဆုံးသူကို အတည်ပြုနိုင်ခဲ့ပြီး၊ တရားခံကို ဆက်လက်ဖော်ထုတ်နိုင်ခဲ့တာပါ။ အစ်ကိုဝမ်းကွဲဖြစ်သူကလည်း လူသတ်မှုကို ဝန်ခံခဲ့ပြီး၊ သူ့ကို ရဲတပ်ဖွဲ့ဝင်တွေက ဆက်လက်စစ်ဆေးနေဆဲလို့ သိရပါတယ်။


လင်းဇော်ကို