ဖောက်​ပြန်​နေတဲ့ ဇနီးရဲ့​ခေါင်းကိုဖြတ်​ယူပြီး ရဲစခန်းကို ယူသွားတဲ့ အမျိုးသား

2019-08-20 11:29:02


ဖောက်​ပြန်​နေတဲ့ ဇနီးရဲ့​ခေါင်းကိုဖြတ်​ယူပြီး ရဲစခန်းကို ယူသွားတဲ့ အမျိုးသား

အိန္ဒိယနိုင်​ငံ​တောင်​ပိုင်းက အသက်​ ၃၅ နှစ်​အရွယ်​ ဆာတစ်​ရှ်​​လေဆိုတဲ့ အမျိုးသားဟာ ​သူ့ရဲ့လက်​ထဲမှာ အနက်​​ရောင်​ပလတ်​စတစ်​အိတ်​ကြီးကို ကိုင်​ပြီး ရဲစခန်းတစ်​ခုထဲကို ဝင်​​ရောက်​လာခဲ့ပါတယ်​။


သူရဲ့လက်​တစ်ဖက်​မှာလဲ ​တောခုတ်​ဓားတစ်​လက်​ကို ​​ဒေါသကြီးကြီးနဲ့ ​ဝှေ့ယမ်း​နေတာဖြစ်​ပါတယ်​။ သူဟာ ရဲစခန်းထဲ​ရောက်​တာနဲ့ အဲ့ဒီအနက်​​ရောင်​ပလတ်​စတစ်​အိတ်​ကြီးကို ကြမ်းပြင်​​ပေါ်ချပစ်​လိုက်​ပြီး ဓားကြီးကို​ဒေါသတကြီးနဲ့ဆက်​​ပြီး​ဝှေ့ယမ်း​နေခဲ့ပါတယ်​။


သူ့ရဲ့ပါးစပ်​က​နေလဲ ငါ့မယားကိုရူပါကိုငါသတ်​ပစ်​လိုက်​ပြီ လို့ တဆာဆာ​အော်​ဟစ်​​နေခဲ့တာပါ။ ရဲအရာရှိက ဒီဖြစ်​ရပ်​နဲ့ သူ့ရဲ့ရူးနှမ်းတဲ့လုပ်​ရပ်​ကို ဗွီဒီယိုမှတ်​တမ်းရယူထားလိုက်​ပါတယ်​။


သူဟာ အဲ့ဒီ အနက်​​ရောင်​အိတ်​ကြီးထဲကို လက်​နဲ့နှိုက်​လိုက်​ပြီး အမျိုးသမီး​ခေါင်းပြတ်​ကြီးတစ်​ခုကို ဆွဲထုတ်​ယူလိုက်​ပါ​တော့တယ်​။ အဲ့ဒီ ​ခေါင်းပြတ်​ကြီးကို သူက လက်​တစ်​ဖက်​တည်းနဲ့ကိုင်​​မြှောက်​ပြီး ဟစ်​​ကြွေး​နေခဲ့တာဟာ ​သွေးပျက်​စရာ ဖြစ်​ခဲ့ပါတယ်​။


သူဟာ ​ခေါင်းပြတ်​ကြီးကိုကိုင်​ထားရင်းနဲ့မှ ” ဒါ ကျုပ်​မယားပဲ ဆရာ။ ကျုပ်​ရဲ့ အချစ်​​တွေအားလုံးကို သူ့တစ်​​ယောက်​တည်းကို ပုံပြီး​ပေးခဲ့ရတဲ့သူ​ပေါ့ ” လို့ ရဲအရာရှိကြီးထံ တတွတ်​တွတ်​ ​ပြောဆို​နေခဲ့ပါတယ်​။


သူ့ရဲ့အဆိုအရ ဇနီးသည်​ဟာ သူ့​နောက်​ကွယ်​​ခြေရှုပ်​​ဖောက်​ပြန်​​နေခဲ့​ကြောင်း၊ ဇနီးသည်​ကို တခြားသူစိမ်းတစ်​​ယောက်​နဲ့အတူမြင်​​တွေ့လိုက်​ရချိန်​မှာပဲ သူ့စိတ်​ကိုထိန်းမရ​တော့​ကြောင်း၊ အဲ့ဒီသူဟာ ရာဇဝတ်​​တရားခံတစ်​​ယောက်​လဲဖြစ်​​နေ​ကြောင်း၊ ဇနီးသည်​ဟာ ​ငွေသုံးသိန်း​ချေးယူပြီး အဲ့ဒီရာဇဝတ်​တရားခံကို ​ပေးခဲ့​သေး​ကြောင်း၊ ရင်ထဲမှာ ​အလွန်အမင်းေ​​​ပါက်​ကွဲပြင်းထန်​သွားခဲ့လို့ ဇနီးသည်​ရဲ့အကျင့်​စရိုက်​ကိုမုန်းတီးလွန်းပြီး ​ခေါင်းဖြတ်​သတ်​ခဲ့​ကြောင်း ​သိခဲ့ရပါတယ်​။


သူဟာ ဇနီးသည်​ရဲ့ရုပ်​အ​လောင်းကိုယ်​ထည်​ ဘယ်​မှာရှိလဲဆိုတာ ရဲ​တွေကိုလိုက်​ပြခဲ့ပြီး​နောက်​မှာ​တော့ ရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားခံခဲ့ရပါတယ်​။


EFIL-ApannPyay


Source-dailymail