ကျောင်းသူလေးပုံကို လိုင်းပေါ်တင်ပြီး ဟိုဒင်းပြုချင်ကြောင်း ပြောခဲ့တဲ့ဆရာကို အမှုဖွင့်

2019-08-20 00:27:04


ကျောင်းသူလေးပုံကို လိုင်းပေါ်တင်ပြီး ဟိုဒင်းပြုချင်ကြောင်း ပြောခဲ့တဲ့ဆရာကို အမှုဖွင့်

ဆရာကျင့်ဝတ်နဲ့ မလျှော်ညီစွာ၊ ဆရာရဲ့ကျင့်ဝတ်ကို မသိပါဘဲ၊ မလေးရှားပညာသင်ကြားရေး နယ်ပယ်ထဲကိုရောက်နေတဲ့ ကျောင်းဆရာတစ်ယောက်ကိုတော့ သက်ဆိုင်ရာက အမှုဖွင့်လိုက်ပြီ ဖြစ်ပါတယ်။ သူ့အမည်ကိုတော့ မသိရပေမယ့် puteragelap91 အမည်ရ အကောင့်ကို သုံးပါတယ်။




သူဟာ ကျောင်းသူလေးရဲ့ ဘေးစောင်းအနအထားပုံကို ရိုက်ပြီး၊ လိုင်းပေါ်တင်ကာ ” ကိုယ့်တပည့်ကို မဟုတ်တာ ပြန်လုပ်ချင်နေတာ … “လို့ ရေးခဲ့ပါတယ်။ မဟုတ်တာ ပြန်လုပ်ဆိုတဲ့နေရာမှာ အရိုင်းစိုင်းဆုံးစကားလုံးကို ပယ်ပယ်နှယ်နှယ် သုံးထားခဲ့တာပါ။




အဲဒီပို့ဟာ လူမှုကွန်ရက်မှာ အများပြည်သူ ဝေဖန်စရာဖြစ်သွားပြီးနောက်၊ puteragelap91 အကောင့်လည်း ပျောက်သွားပါတယ်။ ပြဿနာ တက်နိုင်လို့ အကောင့် D သွားတဲ့သဘော ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သက်ဆိုင်ရာကတော့ ဒီဆရာကို ဖော်ထုတ်ဖို့ စိုင်းပြင်းနေပါတယ်။




ကျောင်းသူလေးရဲ့ သင်္ချာစာအုပ်ကို ကြည့်ချင်းအားဖြင့် Form 4 ကျောင်းသူတစ်ယောက် ဖြစ်ပုံရပြီး၊ အသက်က (၁၆)နှစ် ဝန်းကျင် ဖြစ်နိုင်ပါတယ်။ ဒီအဖြစ်အပျက်ဟာ သြဂုတ်လ (၁၈)ရက်မှာ ဖြစ်ခဲ့တာပါ။ ကျောင်းသူလို့ယူဆရတဲ့ ကောင်မလေးတစ်ယောက်ကတော့ ရဲစခန်းမှာ အမှုဖွင့်မယ်လို့ ပြောထားပါတယ်။


လင်းဇော်ကို