မာဒါဂတ်စကာမှာ လေယာဉ်ပေါ်ကခုန်ချတဲ့ ကျောင်းသူရဲ့အလောင်းကို ရဲတပ်ဖွဲ့ရှာတွေ့

2019-08-20 00:16:48


မာဒါဂတ်စကာမှာ လေယာဉ်ပေါ်ကခုန်ချတဲ့ ကျောင်းသူရဲ့အလောင်းကို ရဲတပ်ဖွဲ့ရှာတွေ့

မာဒါဂက်စကာကို အလည်အပတ်သွားရောက်ခဲ့တဲ့ ဗြိတိန်ကျောင်းသူတစ်ဦးဟာ အပေါ့စားအပျော်စီးလေယာဉ်ပေါ်ကနေ ခုန်ချခဲ့တာကြောင့်၊ ရက်သတ္တပတ်တော်တော်ကြာအောင် သူမရဲ့အလောင်းကို လူသူကင်းမဲ့တဲ့တောအုပ်ထဲကို တောနင်းပြီး ရှာခဲ့ရပါတယ်။


သေဆုံးခဲ့တဲ့ ကျောင်းသူမှာ Cambridge University မှာတက်ရောက်နေတဲ့ Alana Cutland ဖြစ်ပြီး၊ သူမဟာ လေယာဉ်ပေါ်က ပြုတ်ကျခဲ့တယ်လို့ ကနဦးသတင်းထွက်ပေါ်ခဲ့သော်လည်း၊ တကယ်တမ်းက ခုန်ချခဲ့တာလို့ သိရပါတယ်။ အပေါ့စားလေယာဉ်ငယ်တွေဟာ တံခါးတွေ လွယ်လွယ်ဖွင့်လို့ရပါတယ်။


Alana ဟာ အသက်(၁၉)နှစ်သာရှိသေးပြီး သူမရဲ့အလောင်းကိုတွေ့ရှိဖို့၊ ရွာသားတွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အဆိုင်းခြွဲ့ပီး ရှာခဲ့ရပါတယ်။ အခုအခါမှာတော့ Alana ရဲ့အလောင်းကို တွေ့ရှိခဲ့ပြီဖြစ်ပြီး၊ လေယာဉ်နဲ့ပဲ သူမရဲ့အလောင်းကို ပြန်သယ်လာခဲ့တာပါ။




Alana ဟာ ပြီးခဲ့တဲ့ ဇူလိုင် (၂၅)ရက်က၊ Ocean Island ကျွန်းပေါ်တည့်တည့် ပေ(၃၇၀၀)အမြင့်ကနေ လေယာဉ်ပျံဝဲပြီးပြသတဲ့ ခရီးစဉ်မှာ အခုလို ခုန်ချခဲ့တာဖြစ်ပါတယ်။ ဒေသခံရွာသားတွေက ကူပြီး ရှာခဲ့လို့သာ မြန်မြန်တွေ့ခဲ့ရတာပါ။ သူမရဲ့အလောင်းကို ဒေသခံ တိုင်းရင်းသားတစ်ဦးက တွေ့ခဲ့တာပါ။




မာဒါဂတ်စကာ တာဝန်ရှိသူတွေကတော့ ဗြိတိန်တာဝန်ရှိသူတွေကို ပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဗြိတိန်ဘက်က သေဆုံးသူရဲ့ဘော်ဒီကို ရှာဖို့ ငွေရေးကြေးရေးလည်း မစိုက်ထုတ်ခဲ့သလို၊ မည်သည့်အကူအညီမှ မပေးခဲ့ပါဘူးတဲ့။ ရဲဘက်ကတော့ ဒီအမှုကို ဆက်လက်စစ်ဆေးနေပါတယ်။


လင်းဇော်ကို (D Nae Thit)


source : The Sun