ရုရှားနိုင်ငံသားကို ဒိုင်ပွဲရပ်ဖြင့် ထွန်းထွန်းမင်း အနိုင်ရ

2019-08-19 23:52:57


ရုရှားနိုင်ငံသားကို ဒိုင်ပွဲရပ်ဖြင့် ထွန်းထွန်းမင်း အနိုင်ရ

မြန်မာ့လက်ဝှေ့ ကမ္ဘာ့ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်းက ရုရှားနိုင်ငံသား ဗက်ထရီရယ်ကို အကြိတ်အနယ် ထိုးသတ်ပြီး နောက်ဆုံးအချီတွင် ဗက်ထရီရယ် အမှတ်စဉ် လေးကြိမ်ရေတွက်ခံရ ကာ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိသည်။




မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီ ယံရှစ်ပြိုင်ပွဲ (Myanmar Lethwei World Championship)ကို သြဂုတ် ၁၈ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံ၌ ကျင်းပပြီး ၈၀ ကီလိုတန်း ချန်ပီယံခါးပတ်လုပွဲအဖြစ် ထွန်းထွန်းမင်းနှင့် ရုရှားနိုင်ငံသား ဗက်ထရီရယ်တို့ ထိုး သတ်ခဲ့သည်။


ထမအချီ၌ အရပ်အမောင်း ကောင်းသည့် ဗက်ထရီရယ်က အနည်းငယ်အသားစီးဖြင့် ထိုးသတ်နိုင်ခဲ့သော်လည်း ဒုတိယအ ချီတွင် ထွန်းထွန်းမင်း၏ လက်သီး ချက်ကြောင့် လဲကျပြီး အမှတ်စဉ် ရေတွက်ခံရကာ အနားတောင်း ခဲ့ရသည်။


တတိယနှင့် စတုတ္ထအချီ တို့တွင် ထွန်းထွန်းမင်း၏ ခြေကန်ချက်၊ လက်သီးချက်များကြောင့် ဗက်ထရီရယ် အမှတ်စဉ်တစ်ကြိမ် ထပ်မံရေတွက်ခံရသည်။


နောက်ဆုံးအချီ၌ ထွန်းထွန်း မင်း၏ လက်သီးချက်များကြောင့် ဗက်ထရီရယ် အကြိမ်ကြိမ် လဲကျခဲ့ကာ အမှတ်စဉ် နောက်ထပ်နှစ် ကြိမ် ထပ်မံရေတွက်ခံရသဖြင့် ဒိုင်ပွဲရပ်ဖြင့် ထွန်းထွန်းမင်းအနိုင် ရရှိပြီး ချန်ပီယံခါးပတ်ရရှိခဲ့သည်။




အခြားပွဲစဉ်များတွင် ၇၅ ကီလိုတန်း၌ တူးတူးနှင့် ဘရာဇီးနိုင်ငံသား ဖေဘီယို၊ ၆၇ ကီလိုတန်း၌ ရန်နိုင်ထွန်းနှင့် နယူးဇီလန်နိုင်ငံ သား ကိုလန်၊ ၆၃ ကီလိုတန်း၌ ဗျ ဂ္ဃနှင့် ဂျပန်နိုင်ငံသားဟီဂါရှီ၊


၆၁ ကီလိုတန်း၌ ရဲသွေးနီနှင့် အီရန်နိုင်ငံသား ဘာဘက်တို့ အနိုင်၊အရှုံး အဖြေမပေါ်ဘဲ သရေကျခဲ့သည်။ အမျိုးသမီး ၆၀ ကီလိုတန်း တွင် ဘရော်နီကာနှင့် ထိုင်းနိုင်ငံသူ ဆိုပစ်တို့ အကြိတ်အနယ် ထိုး သတ်ပြီး သရေရလဒ် ထွက်ပေါ်ခဲ့ သည်။