လေသာဆောင်မှာချစ်ရည်လူးမိခဲ့လို့ (၅)လွှာကနေပြုတ်ကျသေဆုံးခဲ့တဲ့ ကောင်မလေး

2019-08-19 22:47:06


လေသာဆောင်မှာချစ်ရည်လူးမိခဲ့လို့ (၅)လွှာကနေပြုတ်ကျသေဆုံးခဲ့တဲ့ ကောင်မလေး

လေသာဆောင်အထပ်အမြင့်(၅)လွှာကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ပြည့်တန်ဆာနဲ့ပတ်သက်ပြီး သံသယရှိသူဗြိတိန်ကမ္ဘာလှည့်ခရီးသည်တစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရပါတယ်။ ပြုတ်ကျသေဆုံးသူအမျိုးသမီးဟာ အသက်(၂၆)နှစ်အရွယ် Wannipa Janhuathon ဆိုသူဖြစ်ပြီး ဒေသစံတော်ချိန်ညနေ(၄)နာရီိမှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်


။သေဆုံးသူအမျိုးသမီးဟာ ပြင်းထန်တဲ့ဦးခေါင်းဒဏ်ရာတွေနဲ့အတူ ခန္ဓာကိုယ်မှာလည်းကျိုးကြေဒဏ်ရာများစွာရရှိခဲ့တယ်လို့သိရပါတယ်။ သူမသေဆုံးရာနေရာကတော့ ထင်ရှားတဲ့အပန်းဖြေစခန်းက အထပ်မြင့်အဆောက်အအုံတစ်ခုမှာဖြစ်ပြီး သူမဟာအဝတ်ဗလာနဲ့ပြုတ်ကျခဲ့တာဖြစ်ပါတယ်။


ရဲအဖွဲ့ကသွားရောက်စစ်ဆေးတဲ့အခါ သူမပြုတ်ကျခဲ့တဲ့အခန်းဟာလူတစ်ဦးမှမရှိပဲဖြစ်နေပါတယ်။ အခန်းထဲမှာတော့ အဝတ်အစားတွေ၊ လိင်စိတ်ကြွဆေးနဲ့ ကွန်ဒုံးတွေတွေ့ရှိခဲ့ပါတယ်။ သေဆုံးသူအမျိုးသမီးနဲ့ ပျော်ပါးခဲ့တယ်လို့ယူဆရသူ ဗြိတိန်အမျိုးသားကတော့ ထိုအချိန်မှာထွက်ပြေးခဲ့ပြီဖြစ်ပါတယ်။


ရဲတွေဟာထွက်ပြေးသူအမျိုးသားကို အပန်းဖြေစခန်းအနီးက Route CC Roadhouse ဘားတစ်ခုမှာ ဇန်နဝါရီရရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။ သူရဲ့အိတ်ထဲကနေ သေဆုံးသူ Wannipa ရဲ့ဖုန်းကိုပါရရှိခဲ့တာဖြစ်ပါတယ်။


ထိုအမျိုးသားက သူဟာထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ ၃ ၄လလောက်ကတည်းကရောက်ရှိခဲ့တာဖြစ်ကြောင်းနဲ့ Wannipa နဲ့လေသာဆောင်မှာပျော်ပါးနေစဉ် သူမပြုတ်ကျပြီးသေဆုံးခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ထို့နောက်မှာတော့ သူဟာ အခြားဟိုတယ်တစ်ခုကိုပြောင်းနေခဲ့ကြောင်း ပြောပြပါတယ်။


Wannipa သေဆုံးမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူအဆိုပါအမျိုးသား Reece Vella ကိုထိုင်းရဲအဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။


အသက်(၂၅)နှစ်ရှိပြီဖြစ်တဲ့ Reece Vella ဟာထိုင်းနိုင်ငံမှာဗီဇာသက်တမ်းကျော်ပြီးနေထိုင်နေခဲ့တာ (၅၉)ရက်ရှိပြီဖြစ်ကြောင်းလဲသိရပါတယ်။ ဒါ့အပြင် Wannipa သေဆုံးတဲ့အခင်းညကလဲ သူဟာမော်တော်ဆိုင်ကယ်တစ်စီးကိုခိုးယူခဲ့ပါသေးတယ်။


သေဆုံးသူဘားမယ် Wannipa ဟာ Sky ဘားမှာအလုပ်လုပ်ကိုင်သူဖြစ်ပြီး Joy နာမည်နဲ့လူသိများပါတယ်။ Reece Vella ကသူမကို (၃၅)ပေါင် ခန့်မှန်းခြေထိုင်းဘတ် (၁,၅၀၀) ၀န်းကျင်နဲ့ငှားခဲ့ကြောင်းသိရပါတယ်။


Wanni ဟာပြုတ်ကျခဲ့ပြီးနောက်ချက်ချင်းမသေခဲ့သေးပဲ ဆေးရုံရောက်မှသေဆုံးခဲ့တာဖြစ်ပါတယ်။သူမသေဆုံးမှုနဲ့ပတ်သက်ပြီး လူသေမှုကိုမျက်ကွယ်ပြုခဲ့တဲ့အပြင် နိုင်ငံထဲတရားမဝင်နေထိုင်နေတဲ့ Reece Vella ကိုထိုင်းနိုင်ငံဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

Credit DailyHotNews