ကျွန်တော့် အင်္ကျီအိပ်​ကပ်​ထဲတွင်​ မှုးယစ်​​ဆေးဝါးများရှိ​ကြောင်းပြောလို့ စစ်ကြည့်လိုက်ရာ

2019-08-19 22:45:03


ကျွန်တော့် အင်္ကျီအိပ်​ကပ်​ထဲတွင်​ မှုးယစ်​​ဆေးဝါးများရှိ​ကြောင်းပြောလို့ စစ်ကြည့်လိုက်ရာ

သူနဲ့ကြမှ တိုက်​တိုက်​ဆိုင်​ဆိုင်​ သီချင်းဆိုတာ မဟုတ်​ဘူး မှုးယစ်​​ဆေးဝါးများ ဖမ်းဆီးရမိခြင်း။  ။ တနင်္သာရီတိုင်း​ဒေသကြီး ​ကော့​သောင်းခရိုင်​ ​ကော့​သောင်းမြို့ မြို့မရဲစခန်းမှ နယ်​ထိန်း​ခေါင်း​ဆောင်​ ဒုရဲအုပ်​-ဇင်​ဘိုထူးပါ နယ်​ထိန်းတပ်​ဖွဲ့ ခုနှစ်​​ယောက်​ခန့်​နှင့်​ SH အဖွဲ့မှ ဦး​ဇော်​ထက်​​အောင်​ ရပ်​ကွက်​ ရာအိမ်​မှူး ဦးကြည်​ဝင်း ဦးဗဒင်​တို့ ပါဝင်​​သော အဖွဲ့သည်​ ​ရွှေဇင်​​ရော်​ရပ်​အတွင်း 18-8-2019 ရက်​​နေ့ 23-00 အချိန်​ခန့်​မှာ




လှည့်​ကင်း​ဆောင်​ရွက်​​နေစဉ်​ ​​ရွှေဇင်​​ရော်​ရပ်​ကွက်​ ​မြေနီလမ်းတိပ်​အ​ရောက်​ Click-I ကြက်​​သွေး အမဲ​ရောင်​ ဆိုင်​ကယ်​အား မသင်္ကာ၍ ​ရပ်​ခိုင်းကာ ​မောင်း​ပြေးမည်​ ပြုလုပ်​ပါသဖြင့်​ ​ရှေ့မှာ ပိတ်​ဆို့ ရပ်​တန့်​​စေခဲ့ပြီး ရှာ​ဖွေမှု့ ပြုလုပ်​မည်​ဖြစ်​​ကြောင်း ​ပြောကြားရာ ၄င်းလူငယ်​မှ ကျွန်​​တော်​၏ အိမ်​ကျီးအိပ်​ကပ်​ထဲတွင်​ မှုးယစ်​​ဆေးဝါးများရှိ​ကြောင်း




မ​ပြေးပါဘူး အဖမ်းခံပါ့မယ်​လို့ ​ပြောကြားပါသဖြင့်​ စစ်​​ဆေးကြည့်​ရာ Wy စိတ်​ကြွ​ဆေးပြား 45 ပြားICE 2.1 ဂရမ်းခန့်​ မြန်​မာ​ငွေ တစ်​သိန်းခွဲအား ​တွေ့ရှိခဲ့ပါသည်​။မောင်​ဆန်းဒါလင်​​ခေါ်​​မောင်​​ဇော်​​ဇော်​ အသက်​ ၃၃ နှစ်




အဖအမည်​ ဦးထွန်းဦး ​ရေလုပ်​သား ပုလဲအတွင်​လမ်း ​ရွှေဇင်​​ရော်​ရပ်​ကွက်​ ​ကော့​သောင်းမြို့ ​နေထိုင်​​ကြောင်း ​ပြောပြပါသည်​။ထိုအတွက်​ ​ကော့​သောင်းမြို့မရဲစခန်းတွင် ​နယ်​ထိန်​​ခေါင်း​ဆောင်​ ဒုရဲအုပ်​ ဇင်​ဘိုထူးမှ တရားဥပ​ဒေနှင့်​အညီ ဆက်​လက်​​ အ​ရေးယူ​ဆောင်​ရွက်​ထားပါသည်​။




ဦး​ဇော်​ထက်​​အောင်​ SH-1693


ကော့​သောင်းမြို့