၁၅ သိန်း​တန်​ ကမ္ဘာ​ကျော်​ LV လက်​ကိုင်​အိတ်​ထဲ ငါး​စိမ်း​တွေ ထည့်​သယ်​လာခဲ့တဲ့ အဖွားအို

2019-08-19 22:35:49


၁၅ သိန်း​တန်​ ကမ္ဘာ​ကျော်​ LV လက်​ကိုင်​အိတ်​ထဲ ငါး​စိမ်း​တွေ ထည့်​သယ်​လာခဲ့တဲ့ အဖွားအို

ထိုင်​ဝမ်​နို​င်​ငံက အဖွားအိုတစ်​​ယောက်​ရဲ့အဖြစ်​ကလဲ ရယ်​ရခက်​ငိုရက်​ပါပဲ။ လူ​တွေဟာ ကိုယ်​ချစ်​မြတ်​နိုးတဲ့သူ​တွေကို​တော့ အ​ကောင်းဆုံး အရာ​တွေကိုမှ ရ​စေ့ချင်​၊ ပိုင်​ဆိုင်​​စေချင်​တာ မဟုတ်​လား။


ဒီလိုဆို ကိုယ့်​ကိုယ်​ကိုယ်​သိပ်​​ကျေနပ်​ပြီး ပီတိကိုစားရတယ်​မဟုတ်​လား။ ကိုယ်​ချစ်​ရတဲ့သူ​တွေကို အမိုက်​ဆုံးလက်​​ဆောင်​​တွေ​ပေးရတာက အင်​မတန်​ကြည်​နူးဖို့​ကောင်းပါတယ်​။


ထိုင်​ဝမ်​က အဖွားဖြစ်​သူရဲ့​မြေး​လေးဟာ သူချစ်​ရတဲ့အဖွားကို အ​ကောင်းဆုံးအရာ​လေးတစ်​ခုလုပ်​​ပေးချင်​​ခဲ့ပါတယ်​။ အဲ့ဒါ​ကြောင့်​ပဲ သူ့အဖွားအတွက်​ ကမ္ဘာ​ကျော်​ LV တံဆိပ်​ လက်​ကိုင်​အိတ်​လှလှ​လေးကို လက်​​ဆောင်​​ပေးဖို့ဆုံးဖြတ်​ဖြစ်​ခဲ့တာပါ။ အဲ့ဒီ အိတ်​​လေးဟာ ​ဒေါ်လာ ၁၁၀၀ ​ကျော်​ဖြစ်​တာမို့ မြန်​မာ​ငွေ ၁၅ သိန်း​ကျော်​ကျသင့်​တဲ့ အိတ်​က​လေးပါ။




ဒီအချိန်​မှာ မ​​မျှော်​လင့်​ထားတဲ့အရာတစ်​ခုက ဖြစ်​သွားခဲ့တာပါ။ ​မြေး​လေးရင်​ဖွင့်​​ပြောပြထားခဲ့ပုံက ဒီလိုပါ။


” အဖွားက လက်​ကိုင်​အိတ်​တစ်​လုံးတည်းကို နှစ်​နဲ့ချီပြီးကိုင်​လာတာကြာခဲ့တာဗျ။ အိတ်​က​တော်​​တော်​လဲစုတ်​​နေပါပြီ။ အ​ရောင်​မွဲလို့ဖွာထွက်​​နေပြီ​လေ။ ဒါ​ကြောင့်​ အဖွားအတွက်​ အိတ်​​ကောင်း​ကောင်း​လေးဝယ်​​ပေးဦးမှဆိုပြီး LV အိတ်​​လေးဝယ်​​ပေးခဲ့ပါတယ်​။ သူကြိုက်​တဲ့ပုံ​ပါပဲ”


” တစ်​ရက်​သားကျ အိမ်​ပြန်​သွား​တော့ သူဒီအိတ်​ကို ဘာ​တွေထည့်​ထားတယ်​မှတ်​လဲ။ ​ဈေးထဲကဝယ်​လာတဲ့ကုန်​​ခြောက်​ပစ္စည်း​တွေရယ်​၊ ငါးစိမ်း​တွေကိုပါထည့်​ပြီးသုံး​နေတာ ကျွန်​​တော်ေ​တွ့လိုက်​ရပါတယ်​”




” အဖွားက ​ပြောလဲ​ပြော​သေးတယ်​။ ​ကျေးဇူးတင်​လိုက်​တာ ​မြေး​လေးရယ်​။ ဒီအိတ်​က စိမ့်​လဲမစိမ့်​ဘူး။ မာလဲမာတယ်​။ ​ရေအစိုလဲခံတယ်​သားရဲ့တဲ့။ ကိုင်း… စဉ်းစားသာကြည့်​ပါ​တော့ဗျာ။ ဒါက ငါးထည့်​ရတဲ့အိတ်​မဟုတ်​မှန်း အဖွားကိုကျွန်​​တော်​ဘယ်​လို​ပြောရပါ့မလဲ”


” ဒါ​ပေမယ့်​ ကျွန်​​တော်​ဘာမှဆက်​မ​ပြော​တော့ပါဘူး။ အဖွား ဒီအိတ်​နဲ့ ငါးဝယ်ထ​ည့်​ရတာ​ပျော်​​နေပုံရ​တော့ သူ​ဈေးသုံးအိတ်​အဖြစ်​သုံးလို့ရ​အောင်​ပဲ လွှတ်​ထားလိုက်​ရုံမှတစ်​ပါး မရှိဘူး​လေ။ ​နောက်​တစ်​ခါ​ ​ဈေးမှာအသားငါးသွားဝယ်​ရင်​ ကျွန်​​တော့်​ကို​ခေါ်သွားပါလို့​တော့ ​ပြောထားရတာ​ပေါ့ဗျာ ”


EFIL-ApannPyay