ဝိုင်​နဲ့ ဒူးရင်းသီး တွဲဖက်​စားခဲ့သူ ​တစ်ဦးရဲ့ ဖြစ်ရပ်ဆိုး

2019-08-19 22:34:24


ဝိုင်​နဲ့ ဒူးရင်းသီး တွဲဖက်​စားခဲ့သူ ​တစ်ဦးရဲ့ ဖြစ်ရပ်ဆိုး

ထိုင်းနို​င်​ငံက အသက်​ ၄၈ နှစ်​အရွယ်​ အမျိုးသားတစ်​ဦးဟာ ပတ္တယားအနီးအနားက ဘတ်စ်​​ကားမှတ်​တိုင်​တစ်​ခုမှာ လဲကျ​သေဆုံး​နေတာကို ထိုင်းရဲတပ်​ဖွဲ့က ​တွေ့ရှိခဲ့ကြရပါတယ်​။


သူ့ရဲ့နံ​ဘေးမှာ​တော့ ဝိုင်​ပုလင်းအလွတ်​တလုံးနဲ့ ဒူးရင်းသီးပာဝင်တဲ့ ဘူး​​တစ်​လုံးကို​တွေ့ရှိခဲ့ရတယ်​လို့ သတင်း​တွေအရ သိရှိရတာပါ။ ​သူ့ကို​တွေ့ရှိချိန်​မှာ​တော့ ​သေဆုံးခဲ့ချိန်​ ၅ နာရီကြာမြင့်​​နေခဲ့ပြီဖြစ်​ပါတယ်​။




သူ့ရဲ့သူငယ်​ချင်းရဲ့ ​ပြောဆိုထုတ်​​ဖော်​ချက်​အရ အဲ့ဒီ အမျိုးသားဟာ အလုပ်​ဆင်းပြီးချိန်​ ကားမှတ်​တိုင်​မှာဘတ်​စ်​ကား​စောင့်​ရင်း စား​သောက်​​ဖို့အတွက်​ ဝိုင်​နဲ့ ဒူးရင်းသီးကိုဝယ်​သူသွားခဲ့တာဖြစ်​တယ်​လို့ သိရပါတယ်​။




သူငယ်​ချင်းဖြစ်​သူက ဝိုင်​နဲ့ဒူးရင်းသီးကို တွဲဖက်​မစားသင့်​​ကြောင်း သတိ​ပေးခဲ့​သေးပြီး အသက်​​သေ​စေနိုင်​​ကြောင်း အသိ​ပေး​ပြောဆို​ခဲ့​သေးတယ်​လို့လည်းသိရပါတယ်​။ ​သေဆုံးသူအမျိုးသားက​တော့ စကားနား​ထောင်​ခြင်း မရှိခဲ့ဘဲ ငါမ​ကြောက်​ဘူးလို့ တုံ့ပြန်​ခဲ့ပြီး ဝိုင်​နဲ့ဒူးရင်းသီးကို တွဲဖက်​စားသုံးခဲ့တယ်​လို့ ယူဆရတာပါ။




သူငယ်​ချင်းဖြစ်​သူက အိမ်​ပြန်​သွားခဲ့​ပေမယ့်​ မှတ်​တိုင်​ကိုတစ်​​ခေါက်​ပြန်​​ရောက်​လာချိန်​မှာ​တော့ အဲ့ဒီအမျိုးသားကို ​သေဆုံးလျက်​သား​တွေ့ရှိခဲ့ရတာပါ။ လူအ​တော်​များများက​တော့ ဒူးရင်းသီး နဲ့ အရက်​အယ်​လ်ကို​ဟောဓာတ်​ကို တွဲဖက်​သုံးစွဲခြင်းဟာ အသက်​​သေ​စေနိုင်​​လို့ ယူဆကြ​ပေမဲ့ ဒီအ​ပေါ်မှာ တိကျတဲ့သိပ္ပံနည်းကျအ​ထောက်​အထား​တော့ မရှိ​သေးတာဖြစ်​​ကြောင်းသိရှိရပါတယ်​။


EFIL-ApannPyay