ပေါကြောင်ကြောင်တွေနဲ့ ထိုးပြီး ကမ္ဘာ့အဆင့်လို့ ပြောနေတဲ့ ဒေ့ဗ်ကို ဝေဖန်လိုက်တဲ့ ထွန်းထွန်းမင်း

2019-08-19 11:30:30


ပေါကြောင်ကြောင်တွေနဲ့ ထိုးပြီး ကမ္ဘာ့အဆင့်လို့ ပြောနေတဲ့ ဒေ့ဗ်ကို ဝေဖန်လိုက်တဲ့ ထွန်းထွန်းမင်း

မြန်မာနိုင်ငံရဲ့ ရိုးရာ လက်ဝှေ့အကျော်အမော် တစ်ဦးဖြစ်တဲ့ ထွန်းထွန်းမင်းဟာ ဆိုရင် ပရိတ်သတ်ရဲ့ ထောက်ခံအားပေးမှုကို လက်ခံရရှိတဲ့ လက်ဝှေ့သမား တစ်ယောက်ဖြစ်ပါတယ်။

သူဟာ နိုင်ပွဲများတဲ့ လက်ဝှေ့ချန်ပီယံ တစ်ယောက်လည်း ဖြစ်ပါတယ်။




လက်ရှိမှာတော့ သူ့အနေနဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံဖြစ်သူ ဒေဗ့်ကို မကျေပွဲ ပြန်လည်ထိုးသတ်ဖို့ သူ့ရဲ့ လူမှု ကွန်ရက်ပေါ်မှာ စိန်ခေါ်ထားပြီး ဒေ့ဗ်ကလည်း ထိုးသတ်ဖို့အတွက် စိန်ခေါ်မှုကို လက်ခံလိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆယ်လီကမ္ဘာသတင်းဌာနရဲ့ အင်တာဗျူး မေးမြန်းချက်တွေမှာတော့ ထွန်ထွန်းမင်းက ဒေ့ဗ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့အတွက် လေ့ကျင့်မှုတွေ လုပ်နေပြီး ၊ ဒေ့ဗ် ပြောပြောနေတဲ့ ကမ္ဘာ့အဆင့်ဆိုတာ ဘာကိုပြောတာလဲလို့


သူက မေးခွန်းထုတ်လိုက်ပါတယ်။


ပီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ကလည်း မြန်မာ့လက်ဝှေ့ ကမ္ဘာ့ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်းက ရုရှားနိုင်ငံသား ဗက်ထရီရယ်ကို အကြိတ်အနယ် ထိုးသတ်ပြီး နောက်ဆုံးအချီတွင် ဗက်ထရီရယ်


အမှတ်စဉ် လေးကြိမ်ရေတွက်ခံရ ကာ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိသည်။

မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီ ယံရှစ်ပြိုင်ပွဲ (Myanmar Lethwei World Championship)ကို သြဂုတ် ၁၈ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံ၌ ကျင်းပပြီး ၈၀ ကီလိုတန်း ချန်ပီယံခါးပတ်လုပွဲအဖြစ်


ထွန်းထွန်းမင်းနှင့် ရုရှားနိုင်ငံသား ဗက်ထရီရယ်တို့ ထိုး သတ်ခဲ့ခြင်း ဖြစ်သည်။



ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပ်Writer- SMT(Shwe Yaung Lan)source-Cele Gabar