မွေးစားသမီးကို အိမ်ငှားနေသူမှ ပြုကျင့်မှု

2020-08-02 00:51:58


မွေးစားသမီးကို အိမ်ငှားနေသူမှ ပြုကျင့်မှု

မွေးစားသမီးကို အိမ်ငှားနေသူမှ ပြုကျင့်မှု


အုတ်တွင်းမြို့နယ်၊ကျွဲပွဲမြို့အမှတ်(၄)ရပ်ကွက်တွင်နေထိုင်သူ အိမ်ရှင်ဒေါ်ပြုံးတင်(၆၇)ရှိမုတ်ဆိုးမတဦးမွေးစားထားသောမ————–အသက်(၁၃)နှစ်၊(ဘ)ဦးအောင်နိုင်သမီးဖြစ်သူအားအိမ်ငှါးဖြစ်သူ ထွန်းစစ်နိုင်အောင်(၃၇)နှစ်(ဘ)ဦးသန်းရွှေ၏သားဖြစ်သူမှအလိုမတူဘဲကာမပြုကျင့်ခဲ့သည်ဟုတိုင်တန်းချက်အရကျွဲပွဲပြည်သူ့ရဲစခန်းမှအမှု့ဖွင့်အရေးယူဆောင်ရွက်ထားကြောင်းဇူလိုင်လ(၃၁)ရက်နေ့နံနက်တွင်သိရှိရသည်


“ခလေးမလေးနဲ့သူ့ရဲ့မွေးစားအမေတို့ကဆင်းရဲကြပါတယ်ဈေးလေးရောင်းစားနေကြတာပါ၊ခလေးမလေးကိုတော့ရပ်ကွက်ကကူညီဆောင်းမပေးနေတာပါ–ကျွန်တော်တို့ဘက်မှာဒီလိုအဖြစ်မျိုးမကြားဘူးလို့–ရပ်ရွာနေသူတွေကဒီကောင်ကိုမကျေနပ်ကြပါဘူး။


ဒီကောင်တွေလင်မယားနှစ်ယောက်ကအခင်းဖြစ်တဲ့အိမ်မှာငှါးနေကြတာရက်(၂၀)ဘဲရှိပါသေးတယ်ဒီအမှု့ကိုမှန်မှန်ကန်ကန်နဲ့အမြန်ဆုံးဆောင်ရွက်ပေးဘို့လိုလားပါတယ်ဟု”တာဝန်ခံယာအိမ်မှူးဦးတင်ဝင်းအောင်မှပြောသည်။


“ဖြစ်တဲ့နေ့ကရဲတွေနဲ့ဒီကောင်ကိုလက်ထိပ်ခတ်ပြီးဖြစ်တဲ့နေရာကိုပြခိုင်းဘို့ခေါ်ဆောင်လာတာတွေ့ရပါတယ်၊လုပ်တဲ့အကောင်ကိုတော့မရင်းနှီးပါဘူးတခြားတနေရာကနေပြောင်းလာပြီးငှါးနေတာပါ”ဟုအနီးအနားနေပြည်သူများမှပြောသည်။


ဇူလိုင်လ(၂၅)ရက်နေ့နံနက်(၇)နာရီခန့်မှာဒေါ်ပြုံးတင်နှင့်အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်တို့ရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ကြောင်း၊ပြုကျင့်သူမှလည်းဝန်ခံခဲ့ကြောင်းထိုနေ့မှာဘဲရီမာန်ယူချုပ်နှောင်ထားကြောင်းကိုလည်းသိရှိရသည်


ကျွဲပွဲပြည်သူ့ရဲစခန်းအမှု့စစ် ရဲအုပ် သန်းလှိုင်ဝင်းမှ(ပ)၄၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ(၃၇၆)ဖြင့် ထွန်းစစ်နိုင်အောင်အားဥပဒေအရအရေးယူဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့်ဆေးစာအားနှစ်ဦးအတွက်ပေးပို့ထားပြီးပြီဖြစ်ကြောင်းစခန်းတာဝန်ရှိသူထံမှသိရသည်။


ဆိုရှယ်