အနှိပ်သည် အမျိုးသမီး နေအိမ်ရှေ့၌ ရုတ်တရက်လဲကျ သေဆုံး

2020-08-01 08:56:36


အနှိပ်သည် အမျိုးသမီး နေအိမ်ရှေ့၌ ရုတ်တရက်လဲကျ သေဆုံး

အနှိပ်သည် အမျိုးသမီး နေအိမ်ရှေ့၌ ရုတ်တရက်လဲကျ သေဆုံး


နေအိမ်ရှေတွင် အမျိုးသမီးတစ်ဦး လဲကျသေဆုံးမှု ဇူလိုင် ၃၁ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။


ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ အနော်ရထာရပ်ကွက်၊ ကျောင်းလမ်းရှိနေအိမ် တစ်အိမ်ရှေ့တွင် အမျိုးသမီး တစ်ဦးရုတ်တရက်လဲကျ သေဆုံးနေကြောင်း သတင်းအရ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။


စစ်ဆေးချက်အရ သေဆုံးသူမှာ ဒေါ်သန်းမြင့် ဆိုသူဖြစ်ပြီး ၎င်းမှာ အနှိပ်သည် အလုပ်ဖြင့် ရက်ကွက်/ကျေးရွာများ အတွင်း လှည့်လည်လုပ်ကိုင်နေသူဖြစ်ပြီး အဟာရပြတ်၍ အင်အားချိနဲကာ ရုတ်တရက် လဲကျသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိခဲ့ရကြောင်း စုံစမ်းသိရသည်။


အဆိုပါရုတ်တရက်လဲကျသေဆုံးမှုအပေါ် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိနိုင်ပါရန် ဥက္ကံနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၁၁/၂၀၂၀)ဖြင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။


AT မီးအိမ်ရှင်(ဥက္ကံ)  Top Phoenix Media Group