ဧရာဝတီမြစ်ရေ မြို့ ၃ မြို့၏ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ

2020-07-31 21:40:09


ဧရာဝတီမြစ်ရေ မြို့ ၃ မြို့၏ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ

ဧရာဝတီမြစ်ရေ မြို့ ၃ မြို့၏ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ


ဧရာတီမြစ်ရေဟာ ဟင်္သာတမြို့၊ ညောင်ဦးမြို့နဲ့ ဆိတ်သာမြို့တို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေပြီး အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက ထုတ်ပြန်ပါတယ်။


ဒီနေ့ မွန်းလွဲ ၁ နာရီ တိုင်းထွာချက်အရ ဧရာတီမြစ်ရေဟာ ဟင်္သာတမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း ၁ ပေလောက် ဆက် လက်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

 

ဒီနေ့မနက် ၁၁:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော် လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။




အလားတူ ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော် လွန်ရောက်ရှိနေပြီး နောက် ၃ ရက် အတွင်း ၁ ပေခန့် ဆက်လက်တက်လာနိုင်တယ်လို့ ဆိုပါတယ်။


ဟင်္သာတ၊ ညောင်ဦးနဲ့ ဆိပ်သာမြို့ အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။