ကျွဲပွဲမြို့တွင်မုဒိန်းမှု့ဖြစ်ပွားခဲ့ကြောင်းသိရ

2020-07-31 18:15:16


ကျွဲပွဲမြို့တွင်မုဒိန်းမှု့ဖြစ်ပွားခဲ့ကြောင်းသိရ

ကျွဲပွဲမြို့တွင်မုဒိန်းမှု့ဖြစ်ပွားခဲ့ကြောင်းသိရ


အုတ်တွင်းမြို့နယ် ဇူလိုင်လ(၃၀)


အုတ်တွင်းမြို့နယ်၊ကျွဲပွဲမြို့အမှတ်(၄)ရပ်ကွက်တွင်နေထိုင်သူ အိမ်ရှင်ဒေါ်ပြုံးတင်(၆၇)ရှိမုတ်ဆိုးမတဦးမွေးစားထားသောမ————–အသက်(၁၃)နှစ်၊(ဘ)ဦးအောင်နိုင်သမီးဖြစ်သူအားအိမ်ငှါးဖြစ်သူ ထွန်းစစ်နိုင်အောင်(၃၇)နှစ်(ဘ)ဦးသန်းရွှေ၏သားဖြစ်သူမှအလိုမတူဘဲကာမပြုကျင့်ခဲ့သည်ဟုတိုင်တန်းချက်အရကျွဲပွဲပြည်သူ့ရဲစခန်းမှအမှု့ဖွင့်အရေးယူဆောင်ရွက်ထားကြောင်းဇူလိုင်လ(၃၁)ရက်နေ့နံနက်တွင်သိရှိရသည်


“ခလေးမလေးနဲ့သူ့ရဲ့မွေးစားအမေတို့ကဆင်းရဲကြပါတယ်ဈေးလေးရောင်းစားနေကြတာပါခလေးမလေးကိုတော့ရပ်ကွက်ကကူညီဆောင်းမပေးနေတာပါကျွန်တော်တို့ဘက်မှာဒီလိုအဖြစ်မျိုးမကြားဘူးလို့ရပ်ရွာနေသူတွေကဒီကောင်ကိုမကျေနပ်ကြပါဘူးဒီကောင်တွေလင်မယားနှစ်ယောက်ကအခင်းဖြစ်တဲ့အိမ်မှာငှါးနေကြတာရက်(၂၀)ဘဲရှိပါသေးတယ်ဒီအမှု့ကိုမှန်မှန်ကန်ကန်နဲ့အမြန်ဆုံးဆောင်ရွက်ပေးဘို့လိုလားပါတယ်ဟု”တာဝန်ခံယာအိမ်မှူးဦးတင်ဝင်းအောင်မှပြောသည်


“ဖြစ်တဲ့နေ့ကရဲတွေနဲ့ဒီကောင်ကိုလက်ထိပ်ခတ်ပြီးဖြစ်တဲ့နေရာကိုပြခိုင်းဘို့ခေါ်ဆောင်လာတာတွေ့ရပါတယ်၊လုပ်တဲ့အကောင်ကိုတော့မရင်းနှီးပါဘူးတခြားတနေရာကနေပြောင်းလာပြီးငှါးနေတာပါ”ဟုအနီးအနားနေပြည်သူများမှပြောသည်ဇ


ဇူလိုင်လ(၂၅)ရက်နေ့နံနက်(၇)နာရီခန့်မှာဒေါ်ပြုံးတင်နှင့်အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်တို့ရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ကြောင်း၊ပြုကျင့်သူမှလည်းဝန်ခံခဲ့ကြောင်းထိုနေ့မှာဘဲရီမာန်ယူချုပ်နှောင်ထားကြောင်းကိုလည်းသိရှိရသည်


ကျွဲပွဲပြည်သူ့ရဲစခန်းအမှု့စစ် ရဲအုပ် သန်းလှိုင်ဝင်းမှ(ပ)၄၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ(၃၇၆)ဖြင့် ထွန်းစစ်နိုင်အောင်အားဥပဒေအရအရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့်ဆေးစာအားနှစ်ဦးအတွက်ပေးပို့ထားပြီးပြီဖြစ်ကြောင်းစခန်းတာဝန်ရှိသူထံမှသိရသည်။


ဆိုရှယ်