ပိန်ဆေးနဲ့ အသားဖြူဆေးတွေသုံးတဲ့ အမျိုးသမီးများအတွက် အန္တရာယ်ကျရောက်ပြီ

2020-07-31 18:13:38


ပိန်ဆေးနဲ့ အသားဖြူဆေးတွေသုံးတဲ့ အမျိုးသမီးများအတွက် အန္တရာယ်ကျရောက်ပြီ

ပိန်ဆေးနဲ့ အသားဖြူဆေးတွေသုံးတဲ့ အမျိုးသမီးများအတွက် အန္တရာယ်ကျရောက်ပြီ


ထိုင်းနိုင်ငံမှာ အမျိုးသမီးအလှကုန်တွေကို အတုလုပ်ပြီး လူထုကိုလိမ်ရောင်းနေတဲ့ မက်ဂျစ်စကင်း”Magic Skin” ကုမ္ပဏီ နဲ့လက်အောက်ခံ အလှပြင်အသုံးအဆောင်အမျိုးမျိုးကို ဆက်တိုက် ဖမ်းဆီးအရေးယူနေရာမှာ ပထမဦးဆုံးအသားဖြူဆေးထုတ်လုပ်တဲ့နေရာတွေကို ဝင်ရောက်စီးနင်းရာမှာ ဓါတ်မြေသြစာထုတ်တဲ့နေရာမှာသုံးတဲအမှုန့်နဲ့ကော့စတစ်အစွန်းချွတ်ဆေးတွေကိုသုံးပြီးထုတ်လုပ်ထားတာကို ရဲတွေက စစ်ဆေးတွေ့ရှိခဲ့တာပါ ။


Slim Skin အဆီကျ ဝိတ်ကျနို့မှုန့် တံဆိပ် အရောင်းကိုယ်စားလှယ်Muddharn Samrit မုဒန် စမစ် အသက်၂၄ နှစ်အရွယ်အမျိုးသမီးကို ဖမ်းဆီးလိုက်ပါတယ် ။


၀ိတ်ကျဆေး ပိန်ဆေးကတော့ကော်ဖီမစ် အမှုန့်နဲ့ လိမ်မော်ရည်အမှုန့်နဲ့ပေါင်းပြီး ထုတ်လုပ်ပြီး လိမ်လည်ရောင်းချတာပါ ။




ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ကြော်ငြာ ထုတ်ခဲ့လို့ ထိုင်းနိုင်ငံ နဲ့အိမ်နီးချင်းနိုင်ငံတွေမှာရောင်း အားအကောင်းဆုံးMagic Skin Co., Ltd. မက်ဂျစ်စကင်း အလှကုန်တွေက အမျိုးပေါင်း၂၀၀ကျော်ရှိတယ်လို့သိရပါတယ်


အမှန်တကယ်မှာ ထုတ်လုပ်တဲ့ စက်ရုံကတော့ မှတ်ပုံတင်ထားတာမရှိကြောင်း နဲ့ သုံးစွဲသူတွေအကြားမှာ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်နေတာကို တိုင်ကြားခဲ့သူ ပေါင်း ၅၀၀၀ လောက် ရှိခဲ့တယ်လို့ရဲမှူးကြီး Vorachai Songmattha က ဆိုပါတယ် သူကိုယ်တိုင် ၀င်ရောက်စစ်ဆေးဖမ်းဆီးမူလုပ်ခဲ့တာပါ ။


ဘတ်ငွေသန်း ၁၀၀၀ ကျော် နဲ့လည်ပါတ်နေတဲ့ မက်ဂျစ်စကင်း အလှကုန်လုပ်ငန်း ပိုင်ရှင် ၀နဖါ ရဲ့နေအိမ်မှာ ဘတ် ငွေ ၁၉ သန်း ရွှေထည် အမျိုးပေါင်း၅၃မျိုးနဲ့ အဖိုးတန်ကားတွေပါ သိမ်းဆည်းလိုက်ကြောင်းသိရပါတယ်။


ဘန်ကောက်မြို ပထုံဌာနီက သုံးဧကကျယ်တဲ့ ၀န်းထဲမှာ တည်ဆောက်ထားတဲ့အလှကုန်စက်ရုံဟာ တကယ်တော့ တရား၀င် မှတ်ပုံတင်ထားတာမရှိ ဘဲ တကယ်မှတ်ပုံတင်ထားတာက နကော်စီဌာမရ ပြည်နယ်မှာဖြစ်ပြီး ဘန်ကောက်ကတော့ ကိုယ်ပွားအတုစက်ရုံလုပ်ထားတာလို့သိရပါတယ်။ထိုင်းကျန်မာရေးဌာနကတော့ Magic Skin အလှကုန်တွေဟာ သုံးစွဲသူတွေအတွက် အန္တရာယ် ရှိတယ်ဆိုတာ တရား၀င်ထုတ်ပြန်ခဲ့ပါတယ်။


အနုပညာရှင်တွေကတော ဒီအလှကုန်တွေကို တကယ်သုံးစွဲမကြည့်ပဲ တကယ်အသားဖြူကြောင်း အဆီကျကြောင်း ကိုယ်ရေစစ်လှပချောမောပိန်ပါး ဝိတ်ကျစေဖို့ဒီဆေးတွေအသုံးပြုခဲ့ကြောင်း နဲ့လူထုကို အန္တရယ်ဖြစ်စေတဲ့ အလှကုန်တွေကို ငွေကြေးယူပြိး ကြော်ငြာပေးခဲ့တဲ့အတွက် အနုပညာရှင် ၅၀ကျော်လည်း စစ်ဆေးမူခံနေရပါတယ် ။


သူတို့ကတော့ ငွေယူပြီး ကြောငြာထုတ်ပေးခဲ့တာဖြစ်ပြီး တကယ်ကျန်းမာရေးဌာန့ခွင့်ပြုချက်အတုမှန်း မသိခဲ့ကြဘူးလို့ ပြောကြပါတယ်။စက်ရုံအတွင်းမှာ သုံးနေတဲ့ ဓါတုဆေးဝါးတွေဟာ ကျန်းမာရေးဌာနက စစ်ဆေးပြီး ဖြစ်ကြောင်း ပြောဆိုပေမဲတကယ်တမ်းမှာ Food and Drug Administration (FDA) ခွင်ပြုချက်မပါပဲလုပ်ဆောင်နေတာကိုလည်းတွေ ရှိခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေကဆိုပါတယ် ။




သောက်ဆေးတထုတ်ကို မူရင်းစက်ရုံက ၂၉ဘတ်နဲ့ပေးပြီး အရောင်းကိုယ်စားလှယ်တွေက၂၉၉ဘတ်နဲ့ရောင်းချခဲ့ကြတာပါ ။


ထိုင်းမြန်မာနယ်စပ်မဲဆောက်စျေးမှာတော့ ပိန်ဆေး အဆီကျဆေး မျက်နှာဖြူဆေး လက်ဖြူဆေး သောက်ဆေး လိမ်းဆေးစသဖြင့် ကိုယ်ခန္တာ နေရာပေါင်းစုံအတွက်ဆေးအမျိုးမျိုးကိုရောင်းချနေတာတွေ့ရသလို့ရွေပြောင်းအလုပ်သမား မိန်းကလေးတွေကြားထဲမှာလည်း အဲဒီဆေးတွေကိုသုံးစွဲနေတာတွေ့ရပါတယ် ။


အဲဒီ အတွက် ဒီဆေးတွေကိုသုံးတဲ့အခါမှာအသားရေတွေ ထိခိုက်ပျက်ဆီးနေတာတွေလည်းရှိသလို တချို ဆိုရင် မူးဝြေပီးအန်တာ နှလုံးတွေအခုန်မြန်ပြီး ကတုန်ကရင်ဖြစ်တာ တွေ နဲ့လည်းကြုံနေရတာမို့နောက်ထပ် ဆိုးဝါးတဲ့ အန္တရယ်လည်း ဖြစ်နိုင်ပါတယ် ။




အလှအပကိုကြိုက်တဲ့မိန်းခလေးတွေအတွက် ဓါတုပစ္စည်းနဲ့လုပ်တဲ့ဆေးမှန်သမျှဟာအန္တရယ်ရှိပါတယ် ။ဒီအတွက် ဒီဆေးတွေသုံးစွဲနေတာတွေနဲပတ်သက်လို့သတိပြုကြဖို့ မြန်မာအမျိုးသမီးများကို တိုက်တွန်းလိုက်ရပါတယ် ။သွေးလိမ်းတဲ့မြန်မာသနပ်ခါးတုံးဟာ အန္တရယ်အကင်းဆုံးဖြစ်တာမို့ လိမ်းကြမယ်ဆိုရင်သဘာ၀အတိုင်းပဲ မျက်နှာတွေအသားတွေ လှပစေပါတယ် ။


Credit SAW