သီဟတင်စိုးအမှုမှာ တရားစွဲခံရတဲ့ အိမ်အကူဒေါ်ခင်မာမြင့် ထောင်ဒဏ်ချမှတ်ခံရပြီ

2020-07-31 18:07:19


သီဟတင်စိုးအမှုမှာ တရားစွဲခံရတဲ့ အိမ်အကူဒေါ်ခင်မာမြင့် ထောင်ဒဏ်ချမှတ်ခံရပြီ

သီဟတင်စိုးအမှုမှာ တရားစွဲခံရတဲ့ အိမ်အကူဒေါ်ခင်မာမြင့် ထောင်ဒဏ်ချမှတ်ခံရပြီ


သီဟတင်စိုးအမှုတွင် တရားစွဲဆိုခံရသည့် အိမ်အကူဒေါ်ခင်မာမြင့်ကို ထောင်(၇)နှစ်နှင့် ပွဲစားဒေါ်ညိုကို ထောင်(၅)အသီးသီး ချမှတ်


ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟု လိမ်လည်တိုင်တန်းခဲ့ကာ လျှော်ကြေး ငွေတောင်း ခံခဲ့သည်ဆိုသောကိစ္စကြောင့် တရားစွဲဆိုခံထားရသည့် အိမ်အကူဒေါ်ခင်မာမြင့်ကို ထောင်ဒဏ် ခုနှစ်နှစ် နှင့် ပွဲစားဒေါ်ညိုကို ထောင်ဒဏ် ငါးနှစ် အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။


ဇူလိုင်လ ၃၀ ရက်က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ ၄င်းတို့ နှစ်ဦးအပေါ် အထက်ပါအတိုင်း အမိန့်ချ မှတ်လိုက်ခြင်း ဖြစ်ကြောင်း ဒေါ်ညိုအမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်တင်က ပြည်မြန်မာကို ပြောသည်။


အိမ်အကူခင်မာမြင့်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ (နစ်နာစေရန် ရည်ရွယ်၍ ပြစ်မှုကျူးလွန်သည်ဟု မမှန်မကန်စွပ်စွဲခြင်း) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၉ (ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်ရန်တစ်ဦး တစ်ယောက်သောသူအား ပြစ်မှုတစ်ခုခုဖြင့် စွပ်စွဲမည်ဟုကြောက်အောင် ပြုခြင်း) ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ပြစ်ဒဏ်များကို သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့အပြင် ပွဲစား ဒေါ်ညိုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၉( ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်ရန် တစ်ဦး တစ်ယောက်သောသူအား ပြစ်မှုတစ်ခုခုဖြင့် စွပ်စွဲမည်ဟုကြောက်အောင် ပြုခြင်း) ဖြင့် ထောင်ဒဏ် ငါး နှစ်ကျခံစေ ရန်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


လွန်ခဲ့သော ၂၀၁၈ ခုနှစ်အတွင်းက ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် သီဟတင်စိုးနှင့် ဒေါ်ဇင်မာဦးတို့ ဇနီး မောင်နှံအိမ်တွင် အိမ်အကူလုပ်ကိုင်နေသည့် ခင်မာမြင့်က သီဟတင်စိုးအနေဖြင့် ၄င်းအပေါ် အဓမ္မပြု ကျင့်သည်ဟုဆိုကာ သု၀ဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ပြီး၊ အမှုဖွင့်ပြီး လေးရက် မြောက်နေ့တွင် လိမ်လည်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။


အဆိုပါအမှုမှာ စစ်ဆေးချိန် (၂)နှစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။


မင်းရန်နောင်

Credit = Pyi Myanmar