လေးဂွွနှင့်ပစ်ပြီး သူခိုးဖမ်းသူအား သူခိုးမှ လက်ပစ်ဗုံးဖြင့် ပြန်ပစ်သည့် ဖြစ်ရပ်

2020-07-30 20:59:51


လေးဂွွနှင့်ပစ်ပြီး သူခိုးဖမ်းသူအား သူခိုးမှ လက်ပစ်ဗုံးဖြင့် ပြန်ပစ်သည့် ဖြစ်ရပ်

လေးဂွွနှင့်ပစ်ပြီး သူခိုးဖမ်းသူအား သူခိုးမှ လက်ပစ်ဗုံးဖြင့် ပြန်ပစ်သည့် ဖြစ်ရပ်


ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်ခရိုင် မဘိမ်းမြို့နယ် ကွန်းချောင်းရွာ၌ 27.7.2020 ရက် ညပိုင်း၌ .သူခိုးနှစ်ဦးမှ အိမ်နှစ်အိမ်အတွင်းရှိ ဆိုင်ကယ်သုံးစီးအား မှော်ဆန်ဆန် ဝင်ရောက် ခိုးယူသွားခဲ့ကြသည်။


၎င်း သူခိုးလေးနှစ်ယောက်အား 28.7.2020 ရက် နေ့လည်ပိုင်း၌ ခိုးရာပါ ဆိုင်ကယ်များနှင့် အတူ လက်ရဖမ်းဆီးမိပြီးနောက် ညဘက်မှာတော့ ကွန်းချောင်းရွာအတွက်သာ မကတော့ဘဲ ၎င်းဒေသ အတွက်ပါ အံ့သြကြောက်ရွံစရာ သတင်းတစ်ခုကို ထပ်မံကြားရပါတော့တယ်။


ကွန်းချောင်းရွာသည် ရှမ်းပြည်နယ်ဟု ဆိုသော်ငြားအခြားရှမ်းပြည် အရပ်ကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းများရှိသည်ဟု ကျွန်ုပ် တခါမှပင် မကြားခဲ့ဘူးပေါင်။


စစ်ကိုင်းတိုင်းဒေသကြီးနှင့်လည်း ရွှေလီမြစ်လေးသာ ခြားထားခြင်းကြောင့် ဝေးလံသီခေါင်သည့် တောင်ပေါ် အရပ်မဟုတ်သည်ကို မှန်းဆကြည့် နိုင်ပါသည်။သို့သော် 28.7.2020ရက် ညပိုင်းမှာတော့ ၎င်းရွာအား သူခိုးကပ်သည်ဟု ဆိုကာ အိမ်တစ်အိမ်မှ အော်ဟစ် လိုက်ချိန် လူတစ်ယောက်သည် တွေ့ရာလမ်းအတိုင်း စွတ်ပြေးလာရင်းက မျက်နှာမူရာ အိမ်ဝန်းတစ်ခုအား ခြံကျော်ဝင်ရောက်ခဲ့သည်ဟု ကြားသိရပါသည်။


ထိုအိမ်ရှင်မှ လူသံကြား၍ ဓါတ်မီးနှင့် လှမ်းထိုးကြည့်ချိန်လူစိမ်းတစ်ယောက်ကို မြင်ရသော အခါ လေးဂွနှင့်လှမ်း၍ပစ်ခတ် သတဲ့။ထိုအခါ ၎င်းလူစိမ်းမှ အိမ်နောက်ဘက်သို့ ပြေးလေရာအိမ်ရှင်လည်း အနောက်မှ လေးဂွနှင့် လိုက်ပြစ်စဉ် ၎င်းလူစိမ်းမှ အိမ်ရှင်အား အရာဝတ္ထုတစ်ခုဖြင့် ပြန်လည် ပြစ်ပေါက်သတဲ့ ။


ထိုပြစ်ပေါက်သည့် အရာအား ဓါတ်မီးဖြင့် ထိုးကြည့်မိစဉ် မှာတော့ အိမ်ရှင်သည်အတော်တုန်လှုပ်သွားပါတော့သတဲ့။အကြောင်းမူက လက်ပစ်ဗုံး တစ်လုံး ဖြစ်နေသောကြောင့်ဟု ဆိုပါသည်။


29.7.2020 နံနက်ပိုင်းမှာတော့ ရပ်ရွာတာဝန်ရှိသူရဲ့အကြောင်းကြားခေါ်ငင် မှုကြောင့် ငါးအိုးရွာ 121 တပ်ရင်းမှ အရာရှိနှင့် စစ်သည်များရောက်လာကာ ထိုလက်ပြစ်ဗုံးအားကြည့်ရှုစစ်ဆေးပြီး မြေမြှုပ်လိုက်သည်ဟု ကြားသိရပါကြောင်း .. ….. ……… ။ ။


အေးချမ်းပါစေ..ကွန်းချောင်းမြေ .. …..ငြိမ်းချမ်းပါစေ..မြန်မာပြည် .. …….


credit- လင်းထင်