တရုတ်မှ ထူးဆန်းတဲ့ မျိုးစေ့တွေ အမေရိကန်နိုင်ငံတစ်ဝန်းကပြည်သူတွေဆီကို စာတိုက်ကနေရောက်ရှိလာ

2020-07-30 20:54:12


တရုတ်မှ ထူးဆန်းတဲ့ မျိုးစေ့တွေ အမေရိကန်နိုင်ငံတစ်ဝန်းကပြည်သူတွေဆီကို စာတိုက်ကနေရောက်ရှိလာ

တရုတ်မှ ထူးဆန်းတဲ့ မျိုးစေ့တွေ အမေရိကန်နိုင်ငံတစ်ဝန်းကပြည်သူတွေဆီကို စာတိုက်ကနေရောက်ရှိလာ ( ဗိုင်းရပ်စ်နဲ့တိုက်ပြီးတော့ မျိုးစေ့နဲ့တိုက်မယ် တရုတ်ရဲ့ နောက်ထပ်အကွက်ဆန်းများလား..?)


တရုတ်နိုင်ငံမှ ထူးဆန်းတဲ့ မျိုးစေ့တွေကို အမေရိကန်နိုင်ငံတစ်ဝန်းက ပြည်သူတွေဆီ စာတိုက်ပုံးတွေကနေ ရောက်ရှိနေတာကြောင့် လက်ခံရခက် ဖြစ်နေပြီး ဒီ ဖြစ်စဉ်အပေါ် အာဏာပိုင်တွေကလည်း သတိထားနေပါတယ်။ ဒီ ဖြစ်စဉ်ကို သိရှိကြောင်းနဲ့ ပဟေဠိဖြစ်ဖွယ် ထူးဆန်းတဲ့ မျိုးစေ့တွေ လက်ခံရရှိသူတွေအနေနဲ့ ဒါဟာ အန္တရာယ် ဖြစ်စေနိုင်ပုံရှိပြီး မစိုက်ပျိုးသင့်ဘူးလို့ စိုက်ပျိုးရေးတာဝန်ရှိသူတွေက ပြောပါတယ်။


“ဒီ မျိုးစေ့တွေက ဘာတွေလည်းဆိုတာ ကျွန်တော်တို့ မသိဘူး။ အမေရိကန်နိုင်ငံထဲမှာ ဒါကို စိုက်ပျိုးထုတ်လုပ်ပြီး ထိခိုက်မှုတွေ ဖြစ်လာမှာမျိုးကို ကျွန်တော်တို့ အဖြစ်မခံဘူး။”ဟု ကန်တက်ကီပြည်နယ် စိုက်ပျိုးရေးကော်မရှင်နာမင်းကြီး ရိုင်ယန်က CBS သတင်းဌာနကို ပြောပါတယ်။


“ကျွန်တော်တို့ဟာ ကမ္ဘာမှာ ဘေးအကင်းဆုံးနဲ့ ပေါကြွယ်ဝဆုံး အစားအစာ ထုတ်လုပ်မှုဖြန့်ဖြူးမှု ရှိထားတယ်။ အခု မျိုးစေ့တွေကို ဖျက်ဆီးပစ်ဖို့ လိုတယ်။”လို့ သူက ပြောပါတယ်။


အဲဒီ မျိုးစေ့တွေ လက်ခံရရှိသူတွေအနေနဲ့ ပြည်နယ်ရဲ့ စိုက်ပျိုးရေးဌာနချုပ်ဆီ ဆက်သွယ်သင့်တယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။


နိုင်ငံတွင်းကို တရားမဝင် မျိးစေ့တွေ ဝင်ရောက်မှု ရပ်တန့်အောင်နဲ့ အမေရိကန်ရဲ့ စိုက်ပျိုးရေးကို ကာကွယ်ဖို့ ပြည်ထဲရေးနဲ့ ပြည်နယ်တာဝန်ရှိသူတွေနဲ့ အတူဆောင်ရွက်လျက် ရှိတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။


“ပို၍ကောင်းမွန်သော စီးပွားရေးဗျူရိုရဲ့ အဆိုအရတော့ ပြည်ပနိုင်ငံ၊ တတိယအုပ်စုက အရောင်းသမားတွေဟာ ခင်ဗျားတို့ရဲ့ လိပ်စာနဲ့ Amazon က သတင်းအချက်အလက်တွေကို အသုံးပြုပြီး အတုအလိမ် ရောင်းချတာတွေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေ အဆင့်ဝင်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။”လို့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် စိုက်ပျိုးစက်မှုဌာန ညွှန်ကြားရေးမှူး ဖီးလ်ဝီလ်ဆန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။


အခုလို တရုတ်က ထူးဆန်းတဲ့ မျိုးစေ့တွေကို ကန်တက်ကီ၊ နယူးယောက်၊ မြောက်ကယ်ရိုလိုင်းနား၊ မာရီလန်နဲ့ ဗာဂျင်းနီးယားပြည်နယ်တွေမှာ လက်ခံရရှိနေတာ ဖြစ်ပါတယ်။


YGN Times


Credit