မြန်မာတွင် စီးပွားရေးတိုးချဲ့ရန် အမေရိကန်ကုမ္ပဏီများ စိတ်ဝင်စားနေ

2020-07-30 20:53:26


မြန်မာတွင် စီးပွားရေးတိုးချဲ့ရန် အမေရိကန်ကုမ္ပဏီများ စိတ်ဝင်စားနေ

မြန်မာတွင် စီးပွားရေးတိုးချဲ့ရန် အမေရိကန်ကုမ္ပဏီများ စိတ်ဝင်စားနေ


မြန်မာနိုင်ငံတွင် စီး ပွားရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရန် အမေရိကန်စီးပွား ရေးလုပ်ငန်းရှင်များသည် မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်နှင့် ဇူလိုင် ၂၇ရက်က တွေ့ဆုံ ဆွေးနွေးခဲ့သည်။


အမေရိကန်-အာဆီယံ စီး ပွားရေးကောင်စီက ဦးဆောင်ပြီး စင်ကာပူ၊ထိုင်း၊ဗီယက်နမ်နိုင်ငံမှ အမေရိကန်ကုမ္ပဏီ ၁၀ ခုပါဝင် ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတွင် ရောက်ရှိနေသော Chubb အာမ ခံကုမ္ပဏီ၊ Coca-Cola ၊Visa စသော အမေရိကန်ကုမ္ပဏီများမှ ကိုယ်စားလှယ်များလည်း ပါဝင် သည်။


‘‘လုပ်ငန်းတိုးချဲ့ဖို့နဲ့ တွေ့ ကြုံနေရတဲ့ အခြေအနေတွေကို သူတို့ဘက်ကပြောတယ်။ ပြီး တော့ တရုတ်ဘက်မှာရှိနေတဲ့ ကုမ္ပဏီတွေကလည်း ဒီဘက်ကို ဝင်ချင်နေတဲ့သဘောတွေရှိနေ တယ်’’ဟု ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ သူ မြန်မာနိုင်ငံကုန်သည်၊စက်မှု အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက် တာမောင်မောင်လေးက ပြော ကြားသည်။


အမေရိကန်ကုမ္ပဏီများ၏ ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံကဏ္ဍ လိုအပ်ချက်များ အပါအဝင်အ လုပ်သမား ပြဿနာများ၊ အလုပ် ပိတ်ရက်များသည့် အခြေအနေ များကိုလည်း ပြောင်းလဲပေးရန် များ ပါဝင်သည်။


အမေရိကန်ကုမ္ပဏီများ မြန် မာတွင် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေး လုပ်ကိုင်ရန် စိတ်ဝင်စားနေချိန် တွင် အခင်းအကျင်းကောင်းဖြင့် ဆွဲဆောင်ရန် လိုအပ်သည်ဟု ဒေါက်တာမောင်မောင်လေးက ဆိုသည်။


လက်ရှိတွင် မြန်မာနိုင်ငံ၌ အမေရိကန်မှ တိုက်ရိုက်ရင်းနှီး မြှုပ်နှံထားသော ကုမ္ပဏီ ၂၂ ခုရှိ ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ သန်း ၅၃၀ ကျော်ရှိသည်။


လက်ရှိ အစိုးရလက်ထက် အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂၅၀ ကျော် ဝင် ရောက်ခဲ့သည်။


မြန်မာနိုင်ငံတွင် လာ ရောက်ရင်းနှီးမြှုပ်နှံပြီး စီးပွား ရေးလုပ်ကိုင်နေသော နိုင်ငံပေါင်း ၅၁ နိုင်ငံတွင် အမေရိကန်နိုင်ငံက အဆင့်(၁၃)၌ ရပ်တည်နေသည်။


7days