ဖခင်ဖြစ်သူ၏ မဆင်မခြင်မှုကြောင့် (၂)နှစ်သမီးလေးကွယ်လွန်

2020-07-30 20:49:55


ဖခင်ဖြစ်သူ၏ မဆင်မခြင်မှုကြောင့် (၂)နှစ်သမီးလေးကွယ်လွန်

ဖခင်ဖြစ်သူ၏ မဆင်မခြင်မှုကြောင့် (၂)နှစ်သမီးလေးကွယ်လွန်


၂၀၂၀ ဇူ ၂၉ ၀၈၃၀ အချိန့်က စဉ့်ကူးမြို့နယ် ထောက်ကြံ့ပင်ကျေးရွာနေ မဥမ္မာဌေးသည် မန္တလေးဆေးရုံကြီးတွင် လူနာစောင့်အဖြစ်လိုက်ပါဆောင်ရွက်ရာမှ နေအိမ်သို့ပြန်ရောက်ရှိစဉ် သမီးအငယ်ဆုံးဖြစ်သူ မမိုး(၂)နှစ်မှာ ဒဏ်ရာများဖြင့် နေအိမ်ပေါ်တွင် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့်


သားဖြစ်သူ အောင်ခန့်(၁၃)နှစ် အားမေမြန်းရာ ၂၀၂၀ ဇူ ၂၈ ၂၂၃၀ အချိန်ခန့် ညီမဖြစ်သူ မမိုးမှာ ငိုနေသဖြင့် ဖခင်ဖြစ်သူ ဇင်သူအောင်(ခ)ရှမ်းလေးမှ မမိုးအား ပါးရိုက်ခဲ့ရာ ဆက်လက်၍ငိုနေသဖြင့် လက်ဖြင့်ကိုင်ကာ နေအိမ်ကြမ်းပြင်ပေါ်သို့ ကိုက်ပေါက်ခဲ့ရာ မမိုးမှာ သတိလစ်မေ့မြောသွားသဖြင့် ဖခင် ဇင်သူအောင်မှ မမိုးအားပွေ့ချီကာ ကျေးရွာဆေးပေးခန်းသို့ သွားရောက်ပြသပြီး ခဏအကြာတွင် ပြန်လည်ရောက်ရှိလာကြောင်း


ဖခင် ဇင်သူအောင်မှ ညီမဖြစ်သူမမိုးအား နေအိမ်ပေါ်တွင်ထားခဲ့၍ နေအိမ်တံခါးများပိတ်ထားရန် မည်သူ့ကိုမှ ဖွင့်မပေးရန် ပြောဆိုပြီး နေအိမ်မှ ထွက်သွားခဲ့ကြောင်း သားဖြစ်သူ အောင်ခန့်မှ ပြောပြသိရှိခဲ့ရကြောင်း

သမီးဖြစ်သူမမိုးသေဆုံးမှုအား မိခင်ဒေါ်ဥမ္မာဌေးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့်


ခေတ္တမနရမှူး ဒုရဲမှူးစိန်ဝင်း |နမစ(လပလ)မှ နမစမှူး ရဲအုပ်စရန်နိုင်စိုး|နွယ်ရုံရဲကင်းမှူး ရဲအုပ်နေဝင်းဦးတို့အဖွဲ့မှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးဆောင်ရွက်ကာ ဇင်သူအောင်(ခ)ရှမ်းလေးအား ၂၀၂၀ ဇူ ၂၉ ၁၂၁၅အချိန် နမစ(လပလ)မှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရရေးဖွင့်ပြီး နမစ(လပလ)မှူး ရဲအုပ်စရန်နိုင်စိုးမှ လက်ခံစစ်ဆေးကာ အမှူမှတရားခံ ဇင်သူအောင် (ခ)ရှမ်းလေးအား ဖမ်းဆီးရမိရေးအတွက် နမစ(လပလ)မှ နယ်ထိန်းတပ်ဖွဲ့ဝင်များ|မမစ(စဉ့်ကူး)မှ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါက်း၍စုံစမ်းဆက်သွယ်ဆောင်ရွက်ခဲ့ကြရာ တရားခံ ဇင်သူအောင်(ခ)ရှမ်းလေးအား နာရီပိုင်းအတွင်း ကသာခရိုင် ထီးချိုင့်မြို့နယ်မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်||


သတင်း – စဉ့်ကူး SH MEDIA