မြေအောက် ရေလှောင်ကန်အတွင်းဆင်း၍ ရေလဲလှယ်သည့် အမျိုးသား(၄)ဦးမှာ ( ၂ )ဦးသေဆုံး၊ (၂)ဦးဆေးရုံတင်ထားရ

2020-07-29 21:50:54


မြေအောက် ရေလှောင်ကန်အတွင်းဆင်း၍ ရေလဲလှယ်သည့် အမျိုးသား(၄)ဦးမှာ ( ၂ )ဦးသေဆုံး၊ (၂)ဦးဆေးရုံတင်ထားရ

မြေအောက် ရေလှောင်ကန်အတွင်းဆင်း၍ ရေလဲလှယ်သည့် အမျိုးသား(၄)ဦးမှာ ( ၂ )ဦးသေဆုံး၊ (၂)ဦးဆေးရုံတင်ထားရ


ရေလှောင်ကန်အသစ်ထဲ ရေဆင်းလှယ်ရာမှ အသက်ရှုမဝဖြစ်ကာ အမျိုးသား(၂)ဦး သေဆုံးကာ (၂)ဦး ဆေးရုံတင်ထားရကြောင်း သိရသည်


ရန်ကုန်မြောက်ပိုင်းခရိုင်း၊ လှိုင်သာယာ(အရှေပိုင်း)မြို့နယ် ရွှေလင်ဗန်းကျေးရွာ မြေတိုင်း ၂၆ ရွှေပဒေသာ(၂)လမ်းရှိ ဆောက်လုပ်စ အဆောက်အဦးအရှေရှိ(အလျား ရပေ၊ အနံ ၅ပေ၊ အနက်ရပေ)ခန့် ရေတစ်ပေခန့်ရှိ ရေလှောင် ကန်အတွင်းသို့ ဇူလိုင် ၂၈ရက်နေ့ ညနေ ၆နာရီခန့်က ရေလဲလှယ်ရန် အောင်မြင့်ထက်(ခ) သံချောင်းမှာ ဆင်းသွားခဲ့ပြီး ရေကန် အောက်ခြေအရောက်၌ အသက်ရှုမဝဘဲ မူးလဲကျသွားသဖြင့် ၎င်းအားဆယ်ယူရန် ကိုရဲ(ခ)ရဲသီဟ မှထပ်မံဆင်းခဲ့ရာ ကန်အတွင်း ထပ်မံလဲကျခဲ့၍ လဲကျသူ(၂)ဦးအား ဆယ်ယူရန် လှိုင်မင်းဝင်း(ခ)ဂတုံး နှင့် ဝေယံမင်း(ခ)အရှည်ကြီးတို့ ကန်အတွင်းဆင်းခဲ့ရာ ထပ်မံလဲကျခဲ့သဖြင့် အနီးနားရှိ လူများမှာ ၎င်းတို့(၄)ဦးအား ဆယ်ယူ၍ လှိုင်သာယာ ပြည်သူ့ဆေးရုံသို့တင်ပို့ခဲ့ရာ အောင်မြင့်ထက်(ခ)သံချောင်း ၁ရနှစ် နှင့် လှိုင်မင်းဝင်း (ခ)ဂတုံး ၃၂နှစ် တို့(၂)ဦးမှာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးခဲ့ပြီး ကိုရဲ(ခ)ရဲသီဟ (၂၉နှစ်)နှင့် ဝေယံမင်း(ခ)အရှည်ကြီး(၂၆နှစ်)တို့ နှစ်ဦးမှာ ဆေးရုံ၌ အတွင်းလူနာ(စိုးရိမ်ရ)များအဖြစ် တက်ရောက် ကုသနေရကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်ပြီး အောင်မြင့်ထက်က(ခ)သံချောင်း နှင့် လှိုင်မင်းဝင်း(ခ)ဂတုံး တို့သေဆုံးခြင်းအပေါ် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်သိနှိုင်ပါရန် လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂၉/၂၀၂၀ ဖြင့် စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။


ညီညီ(လှိုင်သာယာ)


Top Phoenix Media Group