မိခင်ဖြစ်သူကို သတ်သွားသူတွေကို မနည်းဖော်ထုတ်ခဲ့ရတဲ့ အကြောင်း ဝမ်းနည်းမျက်ရည်တွေနဲ့ ပြန်ပြောင်းပြောပြလာတဲ့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း

2020-07-26 23:06:44

မမဆောင်းနာမည်နဲ့ လူမှုကွန်ယက်မှာပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် မင်းသမီး ဆောင်းအိန္ဒြေထွန်းကတော့ ဇာတ်ကားများစွာကို ရိုက်ကူးသရုပ်ဆောင်ပြီး အားပေးတဲ့ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။မီဒီယာများနဲ့တွေ့ဆုံလျှင်လည်း ဟန်ဆောင်မှုကင်းပြီး ဒဲ့ဒိုးပြောဆိုတတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိထားသူတစ်ဦးပါ။

အလှူရေစက်နဲ့လက်နဲ့မကွာရှိတတ်တဲ့ သူမဟာ လိုအပ်တဲ့နေရာများမှာလှူဒါန်းရာမှာ လက်မတွံ့တတ်သူဖြစ်ပြီးဒီလို လှူဒါန်းတာဟာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သူမမိခင်နဲ့ အကိုတွေကို ရည်စူးပြီး လှူဒါန်းတတ်တာဖြစ်တယ်လို့ပြောဆိုလာခဲ့ပါတယ်။ဒါ့အပြင်သူမမိခင်ဟာလည်း အသတ်ခံရသလို သေဆုံးခဲ့ရတာဖြစ်ပြီး သတ်သွားသူကိုလည်း သူမအနေနဲ့ မနည်းဖော်ထုတ်ခဲ့ရတယ်လို့ဆိုပါတယ်။

“… မေမေ ဆုံးပါးသွားတာကလည်း သူများက အမေ့ကို သတ်သွားတဲ့ ပုံစံမျိုး ဖြစ်နေတော့ အမ တော်တော် စိတ်မကောင်းဘူး။ အမေ့ကို ရက်ရက်စက်စက်သတ်သွားတဲ့သူတွေကို အမ မနည်း ဖော်ထုတ်လိုက်ရတယ်။အချိန်မတန်ခင် ကြွေလွင်သွားခဲ့တာပါ” လု့ိဆောင်းအိန္ဒြေထွန်းက ဝမ်းနည်းမျက်ရည်တွေနဲ့ဆို ဆိုလာခဲ့တာပါ။

မိခင်ဖြစ်သူနဲ့ အကိုတွေဆုံးရှုံးလိုက်ရပြီးမှာ အမွေတွေရလိုက်ပေမယ့် သူမအနေနဲ့ မိခင်ဖြစ်သူကိုပဲ ပြန်လိုချင်မိပြီး အားလုံးကို စွန့်လွှတ်နိုင်တယ်လို့လည်း ဝမ်းနည်းစွာနဲ့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါကတော့ ဆောင်းအိန္ဒြေထွန်းရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်လေးတွေကို ပြန်လည်မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်နော်။အားလုံးပဲ ဆောင်းအိန္ဒြေထွန်းအတွက် ဝမ်းနည်းစကားလေး ပြောပေးခဲ့ကြပါအုန်းနော်။