ဒေါ်လာ(၄၁)သန်းကျော် ခိုးယူပြီး၊ လူမှုကွန်ရက်မှာ ကြွားလုံးထုတ်ခဲ့သူ ရဲက ဖမ်းဆီးခြင်းကို ခံခဲ့ရ

2020-07-26 23:05:03


ဒေါ်လာ(၄၁)သန်းကျော် ခိုးယူပြီး၊ လူမှုကွန်ရက်မှာ ကြွားလုံးထုတ်ခဲ့သူ ရဲက ဖမ်းဆီးခြင်းကို ခံခဲ့ရ

ဒေါ်လာ(၄၁)သန်းကျော် ခိုးယူပြီး၊ လူမှုကွန်ရက်မှာ ကြွားလုံးထုတ်ခဲ့သူ ရဲက ဖမ်းဆီးခြင်းကို ခံခဲ့ရ


အမျိုုးသားတစ်ယောက်ဟာ ဆိုက်ဘာမသမာမှုတွေ ကျူးလွန်ပြီး၊ ဒေါ်လာ(၄၁)သန်းလောက်အထိ ခိုးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ ခိုးယူရရှိတဲ့ ငွေကြေးတွေနဲ့ အဖိုးတန်ဇိမ်ခံကား အမျိုးမျိုူး၊ ငွေကို ရေလိုသုံးနိုင်တဲ့ လူနေမှုဘဝကို လူမှုကွန်ရက်ပေါ်မှာ ကြွားဝါခဲ့ပါတယ်။


သူ့အမည်ကတော့ Ramon Abbas လို့ သိရပါတယ်။ သူ့ကို ရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူဟာ ဒူဘိုင်းက တကယ့်သူဌေးရပ်ကွက် Palazzo Versace မှာ နေထိုင်ပြီး၊ ကိုယ်ပိုင်လေယာဉ်တွေ၊ ဇိမ်ခံကားတွေ၊ လူနေမှုအဆင့်အတန်းမြင့်မားတဲ့ တိုက်ခန်းတွေနဲ့ ကြွားဝါရင်း လူမှုကွန်ရက်မှာ ဆယ်လီဖြစ်နေတာပါ။


Ramon ဟာ လူမှုကွန်ရက်မှာတော့ အမည်တစ်မျိုးပြောင်းထားပြီး၊ Ray Hushpuppi ဆိုတဲ့ အင်စတာဂရမ်အမည်နဲ့ လှုပ်ရှားပါတယ်။ သူ့ကို အားကျအတုယူနေကြတဲ့ လူငယ်တွေလည်း ရှိခဲ့ပြီး၊ အင်စတာဂရမ်ပရိသတ်မှာ (၂.၅)သန်းအထိ ပိုင်ဆိုင်ထားပါတယ်။ သူဟာ အိမ်ခြံမြေပွဲစားလုပ်ရင်း ဒီငွေတွေကို ရရှိခဲ့တာလို့လည်း ဆိုပါတယ်။


တစ်ခါတလေ ငွေတွေ ထားစရာမရှိလို့ အတော်လေး စိတ်ညစ်နေတယ်လို့လည်း ညည်းပါသေးတယ်။ သူ့ကြောင့် အိမ်ခြံမြေပွဲစားလုပ်ချင်သူတွေတောင် ထောင်ဂဏန်းလောက်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်ရဲတပ်ဖွဲ့က သူ့အကြောင်းကို FBI၊ အင်တာပိုလ်တို့နဲ့ပေါင်းပြီး လိုက်နေခဲ့တာပါ။


တကယ်က သူဟာ အမေရိကန်၊ ဥရောပအခြေစိုက် စီးပွားရေးလုပ်ငန်းတွေကို အွန်လိုင်းကနေ Hack လုပ်ပြီး ငွေကြေးတွေကို လွှဲပြောင်းရယူနေသူ ဖြစ်ပါတယ်။ သူဟာ ကွန်ပျူတာနည်းပညာနဲ့ပတ်သက်ပြီး တစ်ဖက်ကမ်းခတ် တက်ကျွမ်းသူတစ်ယောက်ပါ။ နောက်ဆုံး သူ့နေရပ်လိပ်စာ၊ ဖုန်းနံပတ်တို့ကို အတည်ပြုနိုင်ခဲ့ပါတယ်။


Ramon ဟာ နိုင်ဂျီးရီးယားဇာတိဖြစ်ပြီး၊ ဒူဘိုင်းရဲတပ်ဖွဲ့က သူနေထိုင်ရာကို ချက်ချင်းဝင်ရောက်စီးနင်းခဲ့ပါတယ်။ သူ့ဆီကနေ ငွေသားသက်သက် ဒေါ်လာ(၄၁)သန်း၊ ဇိမ်ခံကား (၁၃)စီး၊ ဖုန်းတွေ၊ ကွန်ပျူတာတွေ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။ အခုဆိုရင် သူ့ကို FBI ထံ လွှဲပေးလိုက်ပါပြီ။ ဒီအမှုကို အမေရိကန်က ဆက်ကိုင်မှာ ဖြစ်ပါတယ်။


လင်းဇော်ကို (D Nae Khit)