သေဒဏ်ကျတရားခံ ရဲ့နိဂုံး

2020-07-26 23:04:32


သေဒဏ်ကျတရားခံ ရဲ့နိဂုံး

သေဒဏ်ကျတရားခံ ရဲ့နိဂုံး


အင်ဒိုနီးရှားမှာ အဖမ်းခံထားရတဲ့ ကမ္ဘာကျော်ပြင်သစ်ရာဇဝတ်သားဖြစ်တဲ့ အသက်(၆၅)နှစ်အရွယ် Francois Camille Abello ကတော့ မိမိကိုယ်ကို သေကြောင်းကြံစည်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ အရွယ်မရောက်သေးတဲ့ ကလေး(၃၀၀)ကျော်ကို လိင်ပိုင်းစော်ကားခဲ့လို့၊ သေဒဏ်ကျခံရဖို့ သေချာသလောက် ဖြစ်နေပါတယ်။


Abello ဟာ မိမိကိုယ်ကို သေကြောင်းကြံစည်သွားခဲ့တာကြောင့် စစ်ဆေးနေဆဲအမှုတွေကို ဆိုင်းငံ့လိုက်ရပါတယ်။ သူ့ကို မုဒိမ်းမှု၊ လိင်ပိုင်းစော်ကားမှုတွေအတွက် ဂျာကာတာမြို့က ဟိုတယ်တစ်ခုမှာ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။


အဲဒီအခန်းထဲမှာတောင် အသက်မပြည့်သေးတဲ့ ကလေးမလေးနှစ်ယောက်ဟာ ဝတ်လစ်စားလှစ်နဲ့ ဖြစ်နေခဲ့တာပါ။ အင်ဒိုနီးရှား ကလေးသူငယ်ကာကွယ်ရေးဥပဒေအရ Abello အနေနဲ့ လက်မရွံ့တပ်ဖွဲ့က မသေမချင်းပစ်သတ်ခံရဖို့အရေး ရင်ဆိုင်ခဲ့ရပြီး၊ သူကတော့ စွပ်စွဲမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။


Abello သေဆုံးခြင်းနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Yusri Yunus ရဲ့အဆိုအရ ပြီးခဲ့တဲ့စနေနေ့က သူ အသည်းအသန်ဖြစ်နေချိန်မှာ ရဲအချုပ်နဲ့ Kramat Jati National Police Hospital ကို ပို့ဆောင်ကုသမှုပေးခဲ့ကြောင်း၊ ဒါပေမယ့် သေဆုံးသွားခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။


Abello ရဲ့ လိင်စော်ကားမှုတွေကို ဒေသခံတွေက ဖော်ထုတ်ခဲ့တာပါ။ သူဟာ ကလေးတွေကို ဟိုတယ်အခန်းဆီ ခေါ်သွားပြီး၊ တချို့ဆို အသက်(၁၀)နှစ် ဝန်းကျင်သာရှိသေးသလို၊ တချို့ကတော့ အသက်(၁၇)နှစ်သာ ရှိပါသေးတယ်။ သူဟာ လိင်အမြတ်ထုတ်ခဲ့တဲ့ ကလေးမလေးတွေရဲ့ ဝတ်လှစ်စားလှစ်ပုံတွေကိုလည်း ကွန်ပျူတာထဲမှာ သိမ်းဆည်းထားပါတယ်။


ရဲတပ်ဖွဲ့စစ်ဆေးမှုအရ ကောင်မလေးစုစုပေါင်း (၃၀၅)ပုံတွေကို မှတ်တမ်းယူ သိမ်းဆည်းထားပြီ၊ မအေနဲ့နှမ ကြည့်ဖို့တောင် မသင့်တဲ့ပုံတွေဖြစ်တယ်လို့ ဆိုပါတယ်။ ကွန်ပျူတာကို သက်သေအဖြစ် သိမ်းဆည်းချိန်မှာ ရဲက စစ်ဆေးဖို့ လျှို့ဝှက်ကုဒ်ကိုလည်း မပေးခဲ့ပါဘူး။ ကျွမ်းကျင်တဲ့ ဆော့ဖ်ဝဲသမားနဲ့ စစ်ဆေးခဲ့ရတာလို့ သိရပါတယ်။


မှတ်ချက်ရေးသူတစ်ဦးကတော့ အရှေ့တောင်အာရှ နိုင်ငံတွေဟာ နိုင်ငံခြားသားတွေဆိုရင် အလိုလို အထင်ကြီးတတ်တာကလည်း လိင်အမြတ်ထုတ်လိုသူတွေအတွက် အသုံးချစရာ အားနည်းချက်တွေ ဖြစ်ကြောင်း၊ မကြာသေးမီက ကမ္ဘောဒီးယားမှာလည်း အင်္ဂလိပ်စာသင်ပေးနေတဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်ကို လိင်ပိုင်းစော်ကားမှုတွေအတွက် ဖမ်းဆီးခဲ့ရသေးတယ်လို့ သိရပါတယ်။


လင်းဇော်ကို (D Nae Khit)