သူဌေးဘဝကို မရောက်ဘူးလို့ အသက်(၃၁)နှစ်ပိုကြီးတဲ့ သူဌေးကြီးရဲ့အချစ်ကို လက်ခံခဲ့တဲ့ ကောင်မလေး

2020-07-26 10:20:47


သူဌေးဘဝကို မရောက်ဘူးလို့ အသက်(၃၁)နှစ်ပိုကြီးတဲ့ သူဌေးကြီးရဲ့အချစ်ကို လက်ခံခဲ့တဲ့ ကောင်မလေး

သူဌေးဘဝကို မရောက်ဘူးလို့ အသက်(၃၁)နှစ်ပိုကြီးတဲ့ သူဌေးကြီးရဲ့အချစ်ကို လက်ခံခဲ့တဲ့ ကောင်မလေး


အသက်(၂၂)အရွယ်သာရှိသေးတဲ့ ကောင်မလေးတစ်ယောက်ဟာ သူဌေးဘဝမှာ မနေဖူးလို့၊ သူဌေးတွေ တည်းခိုနေထိုင်တဲ့ အဆင့်မြင့်ဟော်တယ်ကြီးတွေ၊ သူဌေးမတွေကိုင်တဲ့ အကောင်းစားလက်ကိုင်အိတ်တွေ ကိုင်ဖူးချင်လို့၊ တကယ့်ရှယ်လန်းအဝတ်အစားတွေ ဝယ်ယူချင်လို့ဆိုပြီး သူမရဲ့အချစ်ကို သူဌေးတစ်ယောက်ဆီမှာ အပ်နှင်းခဲ့ပါတယ်။


အဆို်ပါ အမျိုးသမီးရဲ့အမည်ကတော့ Alyssa Renee Gutierrez ဖြစ်ပါတယ်။ သူမရဲ့ချစ်သူဟာ အသက်(၅၃)နှစ် ဖြစ်ပြီး၊ အခုဆိုရင်တော့ သူမဟာ TikTok ပေါ်မှာ တကယ့်ဒီဇိုင်းအလန်းတွေ၊ တန်ဖိုးကြီး ပစ္စည်းတွေ၊ တန်ဖိုးကြီးမားတဲ့ လက်ဝတ်ရတနာတွေကို ကြွားဝါနိုင်နေပြီ ဖြစ်ပါတယ်။


Alyssa ရဲ့အမျိုးသားဟာ သူမထက် အသက်(၃၁)နှစ် ပိုကြီးတဲ့ သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ အလွန်စျေးကြီးတဲ့ ဖက်ရှင်ဒီဇိုင်တွေနဲ့ ပိုက်ဆံအိတ်တွေ ကိုင်ထားတဲ့ ပို့စ်တစ်ခုမှာတော့ ” ဒါကတော့ သက်ကြီးအမျိုးသားတစ်ယောက်ကို ချစ်သူအဖြစ် လက်ခံထားတဲ့ ကျေးဇူးတွေပေါ့ “လို့ ရေးခဲ့ပါတယ်။


Alyssa ဟာ ကိုယ်ပိုင်ရွက်လှေပေါ်မှာ၊ အဆင့်မြင့် ဟိုတယ်တွေရဲဲ့ အိပ်ခန်းမကြီးတွေ၊ စားသောက်ခန်းမကြီးတွေထဲမှာ၊ ကမ္ဘာလှည့်ဇိမ်ခံသင်္ဘောတွေပေါ်မှာ ပို့စ်အမျိုးမျိုးပေးပြီး ဓာတ်ပုံတွေအမြောက်အများ ရိုက်ယူကာ လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာပါ။


သူမရဲ့ချစ်သူအမည်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ သူမရဲ့ လုပ်ရပ်ကို ဝေဖန်နေသူတွေ ရှိကြပေမယ့် ထောက်ခံသူတွေလည်း ရှိနေပါတယ်။ သူမကတော့ ဘဝမှာ လက်တွဲဖော်ရွေးချယ်တဲ့အခါ ကိုယ့်ကို ဘုရင်မတစ်ယောက်လို၊ ကလေးတစ်ယောက်လို၊ ချစ်သူတစ်ယောက်လို ဆက်ဆံတဲ့သူကို ရှာဖွေနေခဲ့တာဖြစ်ကြောင်း၊ ဒီလူက အဲဒီအချက်တွေနဲ့ ပြီးပြည့်စုံသူဖြစ်ကြောင်း ပြောခဲ့ပါတယ်။


လင်းဇော်ကို (D Nae Khit)