အသက်(၅၄)နှစ်အရွယ် ဂန္ထဝင်လက်ဝှေ့ကျော် မိုက်တိုက်ဆန်၊ စက်တင်ဘာ(၁၂)ရက်နေ့မှာ ကြိုးဝိုင်းထဲ ပြန်ဝင်မည်

2020-07-25 23:51:07


အသက်(၅၄)နှစ်အရွယ် ဂန္ထဝင်လက်ဝှေ့ကျော် မိုက်တိုက်ဆန်၊ စက်တင်ဘာ(၁၂)ရက်နေ့မှာ ကြိုးဝိုင်းထဲ ပြန်ဝင်မည်

အသက်(၅၄)နှစ်အရွယ် ဂန္ထဝင်လက်ဝှေ့ကျော် မိုက်တိုက်ဆန်၊ စက်တင်ဘာ(၁၂)ရက်နေ့မှာ ကြိုးဝိုင်းထဲ ပြန်ဝင်မည်


ဂန္ထဝင်လက်ဝှေ့ကျော် သံမဏီမိုက်ခ်ခေါ် မိုက်တိုင်ဆန်ကတော့ စက်တင်ဘာ(၁၂)ရက်နေ့မှာ လက်ဝှေ့ကျော် ရွိုင်းဂျုံးစ်နဲ့ (၈)ချီအထူးစိန်ခေါ်ပွဲထိုးသတ်ဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ သံမဏိမိုက်ခ်အဖို့ အနားယူပြီး (၁၅)နှစ်အကြာမှာ ကြိုးဝိုင်းထဲကို တစ်ကြော့ပြန် ဝင်ရောက်ခြင်း ဖြစ်ပါတယ်။


သံမဏိမိုက်ခ်ဟာ အသက်(၅၄)နှစ် ရှိပြီဖြစ်ပြီး၊ ခေတ်တစ်ခေတ်မှာ ဘုရင်ဖြစ်ခဲ့တဲ့ ရွိုင်းဂျုံးစ်ကတော့ အသက်(၅၁)နှစ်ပါ။ နှစ်ယောက်ပေါင်းအသက်ကတော့ (၁၀၅)နှစ် ဖြစ်တာကြောင့် အသက်(၅၀)ကျော် လက်ဝှေ့ဆရာကြီးတွေအတွက် သမိုင်းဝင်ပွဲတစ်ပွဲ ဖြစ်လာမှာပါ။


ဒီအထူးစိန်ခေါ်ပွဲကြီးကိုတော့ ကယ်လီဖိုးနီယားပြည်နယ်၊ LA မြို့မှာ ကျင်းပမှာဖြစ်ပြီး၊ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်ကနေ pay-per-view စနစ်နဲ့ ကြည့်ရဖို့ရှိပါတယ်။ ဂျုံးစ်ကတော့ (၂၀၁၈)ခုနှစ်မှာ အနားယူခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့အပတ်ကပဲ သံမဏိမိုက်နဲ့ ပြန်ယှဉ်ရမှာမို့ စိတ်အားထက်သန်နေတယ်လို့ ပြောပါတယ်။


သူက ” ဟုတ်ပါတယ် .. ဒီသတင်းက အမှန်ပါ … မိုက်က တကယ့် ဂန္ထဝင်ပါဘဲ … တကယ်တော့ သူ့လိုလူနဲ့ ကြိုးဝိုင်းထဲ ဝင်ထိုးရမှာကို ငြင်းဆန်ဖို့ မလွယ်ပါဘူး … … အစက ဘယ်တော့မှ ကြိုးဝိုင်းထဲ မဝင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပေမယ့် တစ်ဖက်က မိုက်တိုင်ဆန်ဖြစ်နေလို့ ကျွန်တော် ခြွင်းချက်အနေနဲ့ လက်ခံလိုက်တာပါ “လို့ ပြောခဲ့ပါတယ်။


ဂျုံးစ်က ဆက်လက်ပြီး ” ဒီလိုအခွင့်အရေးမျိုးကို ကျွန်တော် လက်မလွှတ်နိုင်ပါဘူး … ဘယ် လက်ဝှေ့သမားပဲဖြစ်ဖြစ် သူလိုလူနဲ့ ကြိုးဝိုင်းထဲမှာ တစ်ခါလောက် ဆုံချင်ကြမှာပါ … သူက ကျွန်တော့်ကို ရွေးချယ်လိုက်တဲ့အတွက် အရမ်းစိတ်လှုပ်ရှားရပါတယ် “လို့ ပြောခဲ့ပါတယ်။


လင်းဇော်ကို (D Nae Khit)