ဆန္ဒပြပွဲကိုဖြိုခွင်းဖို့ ကြိုးစားတဲ့ရဲတွေကို အမျိုးသမီးက ဒီလိုလုပ်ပြပြီး တားခဲ့တာပါတဲ့

2020-07-25 23:31:05


ဆန္ဒပြပွဲကိုဖြိုခွင်းဖို့ ကြိုးစားတဲ့ရဲတွေကို အမျိုးသမီးက ဒီလိုလုပ်ပြပြီး တားခဲ့တာပါတဲ့

ဆန္ဒပြပွဲကိုဖြိုခွင်းဖို့ ကြိုးစားတဲ့ရဲတွေကို အမျိုးသမီးက ဒီလိုလုပ်ပြပြီး တားခဲ့တာပါတဲ့


အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တ်လန်းမှာ ပြီးခဲ့တဲ့ စနေနေ့ညက လူပေါင်းရာနဲ့ချီစုဝေးပြီး Black Lives Matter အရေး ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ အဆိုပါ ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ ကြိုးစားခဲ့ပေမယ့် ယောဂဆရာမလေးတစ်ယောက်ရဲ့ စတန့်အောက်မှာ ကြက်သေသေခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။


အဆိုပါ ယောဂဆရာမလေးကို “ညရဲ့သမီးပျို”လို့တောင် သတင်းတွေက တင်စားခဲ့ပါတယ်။ ပုံစံကိုကြည့်ချင်းအားဖြင့် ဒီအမျိုးသမီးဟာ ယောဂလေ့ကျင့်ရေးနဲ့ဆိုင်တဲ့ ဘက်မှာ ဆရာမတစ်ဆူ ဖြစ်လိမ့်မယ်လို့ ကောက်ချက်ချနေကြပါတယ်။ သူမရဲ့အမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ သူမဟာ ရဲတွေရဲ့ Line ရှေ့မှာ အဝတ်တွေချွတ်ပြီး-


ကျကျနန ယောဂလေ့ကျင့်ခန်းတွေ လုပ်ပြခဲ့တာပါ။ ရဲတွေလည်း သူမရဲ့ ပရိုဆန်ဆန် ယောဂပြကွက်တွေကြားမှာ ကြောင်စီစီ ဖြစ်နေခဲ့ပါတယ်။ အထူးသဖြင့် သူမက အဝတ်ဗလာနဲ့ ဟန်ရေးပြနေခဲ့တာ ဖြစ်ခြင်းကြောင့် ဆန္ဒပြသူတွေထက် သူမဆီကိုသာ မျက်လုံးတွေက တဖိတ်ဖိတ် တလက်လက် လှမ်းကြည့်နေကြတာပါ။


ဒီအဖြစ်အပျက်ကို သတင်းထောက် Donovan Farley က မှတ်တမ်းရယူနိုင်ခဲ့တာဖြစ်ပြီး၊ သူရဲ့တွစ်တာမှာလည်း ဒီပုံတွေကြောင့် တော်တော်လေးကို ပွဲစည်နေခဲ့ပါတယ်။ မျက်မြင်သက်သေတွေရဲ့အဆိုရ နောက်ပိုင်းတော့ အဲဒီနေရာကနေ ရဲတွေ ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။ သမ္မတထရမ့်ရဲ့ အမိန့်အရ “ရှေးဟောင်းအမွေအနှစ်များ သမိုင်းဝင် ရုပ်တုများကို ကာကွယ်ရန်”ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတွေက ဆန္ဒပြသူတွေကို ခပ်ကြမ်းကြမ်း နှိမ်နင်းတာမျိုးတွေ ရှိနေပါတယ်။


ဘာသာပြန်-လင်းသုတ


Ref ; DailyStar