ညီမဖြစ်သူက အာဏာလုမှာကို ကင်ဂျုံအန်စိုးရိမ်နေရပြီဟု သတင်းတွေထွက်ပေါ်

2020-07-25 17:53:02


ညီမဖြစ်သူက အာဏာလုမှာကို ကင်ဂျုံအန်စိုးရိမ်နေရပြီဟု သတင်းတွေထွက်ပေါ်

ညီမဖြစ်သူက အာဏာလုမှာကို ကင်ဂျုံအန်စိုးရိမ်နေရပြီဟု သတင်းတွေထွက်ပေါ်


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ အခုအခါမှာ ညီမဖြစ်သူက အာဏာပြန်လုမှာကို စိုးရိမ်နေရပြီလို့ သတင်းတွေက ဖော်ပြနေပါတယ်။ သတင်းတွေအရ ကင်ဟာ ကျန်းမာရေးကြောင့် နိုင်ငံရေးအလုပ်တွေကနေ လပိုင်းတော်တော်ကြာအောင် နားထားရချိန်မှာ၊ ညီမဖြစ်သူ ကင်ယိုဂျောင်က အာဏာနယ်ချဲ့မှုတွေ ပြုလုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။


ကင်ယိုဂျောင်ဟာ နိုင်ငံရဲ့ဒုတိယအရေးပါဆုံး အမျိုးသမီးဖြစ်လာခဲ့ပြီး၊ စစ်တပ်ကိုတောင်မှ အမိန့်ပေးစေခိုင်းနိုင်တဲ့ သြဇာအာဏာတွေ သက်ရောက်လာခဲ့ပါတယ်။ တကယ်က ဒီအာဏာကို ကင်ဂျုံအန်ကိုယ်တိုင်က ချီးမြင့်ခဲ့တာဖြစ်ပြီး၊ ညီမဖြစ်သူကို လပိုင်းအတွင်းမှာ ပါတီရဲ့ထိပ်သီးပိုင်း ပေါ်လစ်ဗြူရိုအဖွဲ့ထဲကို ထည့်ပေးခဲ့သလို၊ နိုင်ငံအဆင့်အခမ်းအနားတွေကို သူ့ကိုယ်စား ညီမဖြစ်သူကို တက်ခိုင်းခဲ့တာပါ။


ပေါ်လစ်ဗြူရိုအဖွဲ့မှာ ညီမဖြစ်သူက ရာထူးကြီးရယူလာနိုင်ခဲ့ခြင်းက နောင်တစ်ချိန်မှာ ကင်ရဲ့နေရာကို ဆက်ခံမယ့်သူဟာ တခြားဆွေမျိုးသားချင်းမဟုတ်ဘဲ သူမသာလျှင်ဖြစ်ကြောင်း အသိမှတ်ပြုလိုက်သလိုပါ။ ကင်ဟာ သူမွေးတဲ့မျောက်က ပြန်ခြောက်တာကို ခံနေရပြီလို့ အနောက်သတင်းစာတွေက ဆိုပါတယ်။ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ Roy Calley က သူ့အမြင်ကို ပြောပါတယ်။


Roy ဟာ မြောက်ကိုရီးယားကို အချိန်တော်တော်ကြာအောင် လည်ပတ်ဖူးသူဖြစ်ပါတယ်။ သူဟာ Look With Your Eyes and Tell the World စာအုပ်ကိုလည်း ရေးသားခဲ့သူဖြစ်ပြီး၊ ကင်ယိုဂျောင်ရဲ့ မြန်ဆန်တဲ့အရွေ့လှုပ်ရှားမှုဟာ ကင်အတွက်တော့ မျက်ခုံးလှုပ်စရာကောင်းလာလိမ့်မယ်လို့ Express သတင်းဌာနကို ပြောခဲ့ပါတယ်။


Roy က ” ကျွန်တော့်အမြင်အရတော့ ကင်ယိုဂျောင်ရဲ့ မြန်ဆန်တဲ့ အာဏာအရှိန်ဟာ ကင်အတွက်တော့ မျက်ခုံးလှုပ်စရာ ဖြစ်လာပါပြီ … ပြုံးယမ်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ပြောဖို့ခက်ပါတယ် … ဒါပေမယ့် သေချာတာကတော့ ကင်ယိုဂျောင်အနေနဲ့ သူ့အစ်ကိုရဲ့နေရာဆီကို တဖြည်းဖြည်းနီးကပ်လာပြီဆိုတာ သေချာပါတယ် … “လို့ ပြောပါတယ်။


သူက ဆက်လက်ပြီး “ကင်ယိုဂျောင်ရဲ့ လက်ရှိရပ်တည်မှုက အတော်လေးကို ခက်ခဲမှာပါ … သို့သော်လည်း သူမဟာ အလွန်ခေါင်းမာပြီး ထက်မြတ်သူဖြစ်တဲ့အလျှောက် သမ္မတထရမ့်နဲ့ ပျူငှာတဲ့ဆက်ဆံရေးတော့ မြင်ရမှာမဟုတ်ပါဘူး …. “လို့ ပြောခဲ့ပါတယ်။ ကင်ယိုဂျောင်ကို တောင်ကိုရီးယားက နယ်စပ်ဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက်ဆီးမှုအတွက် အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။


ဘာသာပြန်-လင်းသုတ