စင်ကာပူ နိုင်ငံသား တစ်ဦးက သူဟာ အမေရိကန်မှာ တရုတ်အတွက် သူလျှိုအဖြစ် လှုပ်ရှားပေးခဲ့ဖူးကြောင်း ဝန်ခံ ထွက်ဆိုသွားခဲ့ပါတယ်။

2020-07-25 15:24:22


စင်ကာပူ နိုင်ငံသား တစ်ဦးက သူဟာ အမေရိကန်မှာ တရုတ်အတွက် သူလျှိုအဖြစ် လှုပ်ရှားပေးခဲ့ဖူးကြောင်း ဝန်ခံ ထွက်ဆိုသွားခဲ့ပါတယ်။

စင်ကာပူ နိုင်ငံသား တစ်ဦးက သူဟာ အမေရိကန်မှာ တရုတ်အတွက် သူလျှိုအဖြစ် လှုပ်ရှားပေးခဲ့ဖူးကြောင်း ဝန်ခံ ထွက်ဆိုသွားခဲ့ပါတယ်။


တရုတ်နဲ့ အမေရိကန်တို့ကြား ဆက်ဆံရေး တင်းမာနေတဲ့ ကာလမှာ ဒီကိစ္စက နောက်ထပ် ခါးသီးတဲ့ အငြင်းအခုံတွေဆီ ဦးတည်လာစေဖွယ် ရှိနေပါတယ်။ ဂျွန်ဝီယိုဟာ မူဝါဒရေးရာ အကြံပေး ပညာရှင်ဆိုတဲ့ အလုပ်အကိုင်ကို မျက်နှာဖုံး တစ်ခုလို အသုံးချပြီး တရုတ်အတွက် ထောက်လှမ်းရေး အချက်အလက်တွေ စုစည်းပေးနေခဲ့ကြောင်း အမေရိကန် အာဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။


ဒစ်ခ်ဆန်ယိုလို့လည်း ခေါ်ဝေါ်တဲ့ သံသယ တရားခံက သူဟာ ၂၀၁၅ ကနေ ၂၀၁၉ ခုနှစ် အတောအတွင်း တရုတ် သူလျှို တစ်ဦးအဖြစ် လှုပ်ရှားနေခဲ့ကြောင်း အမေရိကန် တရားရုံးတစ်ခုမှာ ဇူလိုင် ၂၄ ရက်က ထွက်ဆိုခဲ့ပါတယ်။ သူဟာ အမေရိကန် အစိုးရရဲ့ တရားဝင် ထုတ်ပြန်မှု မရှိတဲ့ လျှို့ဝှက် သတင်း အချက်အလက်တွေကို တရုတ်အစိုးရအတွက် ရယူပေးဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်နေရတာပါ။ ယိုဟာ ၂၀၁၉ ခုနှစ်က အမေရိကန်မှာ အဖမ်းခံထားခဲ့ရတာ ဖြစ်ပါတယ်။


ယိုက အမေရိကန် လေတပ်စခန်း တစ်ခုမှာ အလုပ်လုပ်နေတဲ့ အရပ်ဖက် ဝန်ထမ်း တစ်ဦးကို ချဉ်းကပ်ပြီး F-35 အဆင့်မြင့် တိုက်လေယာဉ် စီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စုံစမ်းတာမျိုး ရှိခဲ့ဖူးတယ်လို့လည်း ဝန်ခံပါတယ်။ ပြီးတော့ အာဖဂန် နစ္စတန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းမယ့် ကိစ္စတွေကို လိုက်စုံစမ်းခဲ့သလို နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ထမ်း တစ်ယောက်ဆီကနေတဆင့် အမေရိကန် အစိုးရ အဖွဲ့ဝင် တစ်ဦး အကြောင်းကိုလည်း သတင်းနှိုက်ခဲ့ဖူးတယ်လို့ သိရပါတယ်။



@Twitter

ယိုအပြင် နောက်ထပ် တရုတ် အမျိုးသမီး သုတေသီ တစ်ဦးကလည်း တရုတ်စစ်တပ်နဲ့ ဆက်နွှယ်မှုတွေကို ဖုံးကွယ်ထားတဲ့အတွက် ဖမ်းဆီး ထိန်းသိမ်းထားလိုက်ကြောင်း အမေရိကန်က ကြေညာပါတယ်။ အခု သီတင်းပတ်အတွင်း တရုတ်နဲ့ အမေရိကန်တို့ဟာ ကောင်စစ်ဝန်ရုံးတွေ ပိတ်ဖို့ အမိန့်တွေကိုလည်း အပြန်အလှန် ထုတ်ပြန်ထားခဲ့ကြပါတယ်။


တရုတ်ဟာ အမေရိကန်ရဲ့ အသိပညာရပ်ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို ခိုးယူနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွမ်ပီရိုက စွပ်စွဲပြီး ဟူစတန်မှာရှိတဲ့ တရုတ် ကောင်စစ်ဝန်ရုံးကို ပိတ်စေခဲ့ပါတယ်။ ဒါကို လက်တုံ့ပြန်တဲ့ အနေနဲ့ တရုတ် အစိုးရကလည်း ချန်ဒူမှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။


တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဝမ်ဝန်ဘင်းကတော့ အမေရိကန်ရဲ့ တရုတ်အပေါ် စွပ်စွဲချက်တွေဟာ ခိုင်မာတိကျမှု မရှိဘဲ မုသားတွေ ရောနှောနေသလို တစ်ဖက်သတ် ဆန်လွန်းကြောင်း ဝေဖန် ပြောကြားထားပါတယ်။


Source: BBC