မင်္ဂလာပွဲစီစဉ်သူကြောင့် ဧည့်သည်တွေရှေ့မှာ အရှက်ကွဲခဲ့ရတဲ့ မင်္ဂလာမောင်နှံ

2020-07-24 22:04:29


မင်္ဂလာပွဲစီစဉ်သူကြောင့် ဧည့်သည်တွေရှေ့မှာ အရှက်ကွဲခဲ့ရတဲ့ မင်္ဂလာမောင်နှံ

မင်္ဂလာပွဲစီစဉ်သူကြောင့် ဧည့်သည်တွေရှေ့မှာ အရှက်ကွဲခဲ့ရတဲ့ မင်္ဂလာမောင်နှံ


ဖိလစ်ပိုင်နိုင်ငံက စုံတွဲတစ်တွဲကတော့ ဂျင်းထည့်သွားတဲ့ မင်္ဂလာပွဲစီစဉ်သူကြောင့် အဆင်မပြေဖြစ်ခဲ့ရပြီး ကြွရောက်လာတဲ့ ဧည့်ပရိသတ်တွေရှေ့မှာ ငိုကြွေးခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါစုံတွဲဟာ မင်္ဂလာပွဲစီစဉ်သူကို ဝန်ဆောင်ခအဖြစ် ပီဆို (၁၄၀၀၀၀)အထိ ပေးခဲ့ရပါတယ်။


အဆိုပါ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ (၂၆၇၃)အထိ ရှိပါတယ်။ ဒါပေမယ့် မင်္ဂလာပွဲစီစဉ်သူက တကယ်အရေးကြီးတဲ့ မင်္ဂလာကိတ်မုန့်ကို ပစ္စည်းတွေမကွဲရှအောင်ထုတ်ပိုးရာမှာ သုံးတဲ့ဖော့(Polystyrene Foam)နဲ့ အတုပြုလုပ်ပြီး မင်္ဂလာမောင်နှံကို ပေးခဲ့တာ့ပါ။


ဓားနဲ့လှီးမှ မင်္ဂလာကိတ်အတုမှန်း သိလိုက်ရလို့ သတို့သမီးမှာ မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရပါတယ်။ ပိုဆိုးတာက ဘာအစားအစာမှ စီစဉ်မထားလို့ နီးစပ်ရာ စားသောက်ဆိုင်ကနေ ဧည့်သည်တွေအတွက် အစားအစာတွေ မှာယူခဲ့ရပါတယ်။မင်္ဂလာပွဲကိုတော့  Pasig City မြို့မှာ ကျင်းပခဲ့ကြတာပါ။


မင်္ဂလာမောင်နှံရဲ့အမည်ကတော့ Jhon Chen (၄၀)နှစ်နဲ့ Shine Tamayo (၂၆)နှစ်တို့ ဖြစ်ကြပါတယ်။ သူတို့ကို ဂျင်းထည့်သွားတဲ့ မင်္ဂလာပွဲစီစဉ်သူကို လုံးဝမကျေနပ်ဘဲ တရားစွဲဆိုခဲ့ပါတယ်။ ရဲက အဲဒီမင်္ဂလာပွဲစီစဉ်သူကို လိမ်လည်မှု၊ တစ်ဖက်သားကို နစ်နာစေမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။


ဘာသာပြန်-လင်းသုတ


Ref ; DailyMail