ကိုဗစ်ကာကွယ်ဆေး အချက်အလက်များနှင့် အစိုးရ လျှို့ဝှက်ဒေတာများ ခိုးယူခဲ့တဲ့ တရုတ်သူလျှို (၂) ဦးကို အမေရိကန် ဖမ်းဆီး

2020-07-23 19:02:09


ကိုဗစ်ကာကွယ်ဆေး အချက်အလက်များနှင့် အစိုးရ လျှို့ဝှက်ဒေတာများ ခိုးယူခဲ့တဲ့ တရုတ်သူလျှို (၂) ဦးကို အမေရိကန် ဖမ်းဆီး

ကိုဗစ်ကာကွယ်ဆေး အချက်အလက်များနှင့် အစိုးရ လျှို့ဝှက်ဒေတာများ ခိုးယူခဲ့တဲ့ တရုတ်သူလျှို (၂) ဦးကို အမေရိကန် ဖမ်းဆီး


ကိုဗစ် သုတေသန လုပ်နေ တဲ့ အမေရိကန် ကုမ္ပဏီတွေ ကို စုံစမ်းထောက် လှမ်းတာတွေ လုပ်တဲ့အပြင် အခြား ခိုးယူမှုတွေလုပ် ဖို့ တရုတ် အစိုးရထောက်လှမ်းရေးတွေ ဆီ က အကူအညီ ယူခဲ့တယ် ဆိုပြီး အမေရိကန် တရားရေး ဌာန က တရုတ် အမျိုးသား ၂ ဦး ကို ဖမ်းဆီးတရားစွဲ ဆိုလိုက် ပါ တယ် ။


အမေ ရိ ကန် ရဲ့ အင်္ဂါနေ့က တရားဝင် ထုတ်ပြန်ချက်အရ တရုတ် အမျိုးသား အီလက်ထရောနစ် အင်ဂျင်နီယာ ကျောင်းသားဟောင်း (Li Xiaoyu) လီဇောင်ဝူနဲ့ ဒေါင်ဇီဟီ (Dong Jiazhi) တို့ကို ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေ ခိုးယူမှု အပြင် ဆက်သွယ်ရေး နည်းပညာသုံးပြီး လိမ်လည်မှုတို့ နဲ့ တရားစွဲဆိုထားတယ် လို့ သိရ ပါတယ်။



တရုတ်သူလျှို (၂) ဦး

အစိုးရရှေ့နေတွေက ဒီအမျိုးသားနှစ်ဦးဟာ ဇန်နဝါရီလမှာ ကိုဗစ်အတွက် ကုသနည်းကို သုတေသနပြုနေတဲ့ မက်ဆာချူးဆက်ပြည်နယ်က ဇီဝနည်းပညာ ကုမ္ပဏီတစ်ခုကို စုံစမ်းထောက်လှမ်းခဲ့ကြတယ်လို့ သိရပါတယ် ။ အဲဒီနောက်တစ်ပတ် အတွင်းမှာပဲ သူတို့ဟာ ကိုဗစ်အတွက် သုတေသန လုပ်နေတဲ့ မေရီလန်းပြည်နယ်က ကုမ္ပဏီတစ်ခုကိုလည်း ဖောက်ထွင်းခဲ့တယ်လို့ ဆိုပါတယ် ။


ဒီဟက်ကာတွေဟာ တရုတ်လုံခြုံရေးဝန်ကြီးဌာန အရာရှိတစ်ဦး အပါအဝင် တရုတ် ထောက်လှမ်းရေးအရာရှိတွေဆီက ငွေကြေးအထောက်အပံ့တွေ မကြာခဏ ရရှိခဲ့တယ်လို့ သိရပါတယ်။


သူတို့ဟာ ၂၀၀၉ ခုနှစ်ကစပြီး ဒေါ်လာသန်းရာနဲ့ချီတဲ့ ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေ နဲ့ မူပိုင်ခွင့်ဆိုင်ရာ အချက်အလက်တွေ အပါအဝင် အခြား အဖိုးတန် စီးပွားရေး အချက်အလက်တွေကို ခိုးယူခဲ့ ပါတယ်။


တရုတ်ဟက်ကာတွေ ပစ်မှတ်ထားခံရတဲ့ ကုမ္ပဏီတွေကတော့ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ဂျပန်၊ နယ်သာလန်၊ စပိန်၊ ဆွီဒင် နဲ့ ဗြိတိန်တို့က ကုမ္ပဏီတွေ ပါဝင်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့် ရှိသူ ကတော့ တရုတ်နိုင်ငံက ဒေတာတွေ ရယူနေတယ် လို့ စွပ်စွဲပြစ်တင်မှုအပေါ် ပယ်ချခဲ့ပါတယ် ။