ကျောင်းဆရာကို လုပ်ကြံဖို့ ကြံစည်ကြတဲ့မူလတန်းကျောင်းသားများ ရုပ်သံ လူအများစိတ်ဝင်စားနေ

2020-07-16 20:38:15


ကျောင်းဆရာကို လုပ်ကြံဖို့ ကြံစည်ကြတဲ့မူလတန်းကျောင်းသားများ ရုပ်သံ လူအများစိတ်ဝင်စားနေ

ကျောင်းဆရာကို လုပ်ကြံဖို့ ကြံစည်ကြတဲ့မူလတန်းကျောင်းသားများ ရုပ်သံ လူအများစိတ်ဝင်စားနေ


ဒီဗွီယိုဖိုင်လေးကိုတော့ Pyae Paing ဆိုတဲ့အကောင့်ကနေ တင်ထားတာဖြစ်ပီး ကြည့်ရှု့သူ သိန်းကျော်သွားခဲ့ပါပီ။ ကျောင်းသားငယ်လေးတွေရဲ့ ချစ်စရာပုံလေးတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ မောင်ကောင်းဆိုတဲ့ ကျောင်းသားလေးမှ ဆရာလေးကို လုပ်ကြံဖို့ထောင်ချောက်ဆင်တာကို မိသွားတာဖြစ်ပီး ကျောင်းဆရာလေးမှ ခေါ်ယူစစ်မေးနေတာဖြစ်ပါတယ်။


ကလေးတို့ရဲ့ ချစ်စရာပြောပုံဆိုပုံတွေကိုကြည့်ရင်း ကိုယ်ငယ်ငယ်တုန်းက ဘဝကို ပြန်သတိရမိတာလည်းအမှန်ပါပဲ။ ဟာသအမြင်လေးနဲ့တင်ပေးလိုက်တာပါ။


ဟန်ဆောင်ဖုံးကွယ်နေတဲ့ မောင်ကောင်းရဲ့ပုံကလည်း အရမ်းသဘောကျစရာကောင်းသလို ဘေးက ဆရာကိုသက်သေနှင့်တကွ ထုတ်ဖော်နေတဲ့ ကျောင်းသားလေးတွေရဲ့ ရိုးရှင်းတဲ့ပုံစံကလည်း ပရိတ်သတ်ကြီး ကြည့်ပီးပြုံးမိမှာအမှန်ပါ။ ဘာပဲဖြစ်ဖြစ်ပါဗျာ ကလေးလေးတွေဟာ ရိုးသားဖြူစင်တယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။




ပီးတော့ မြန်မာ့ပညာရေးမှာ ဆရာနဲ့တပည့်ဆက်ဆံရေးနွေးထွေးမှု့ဟာ ကောင်းတဲ့လက္ခဏာဖြစ်လို့ ဝမ်းသာမိပါတယ်။ အခုလို ကျောင်းသားကျောင်းသူလေးတွေကို ချစ်တတ်သော၊ မေတ္တာစေတနာများဖြင့် ကြင်နာတတ်သော ဆရာဆရာမတွေ အများကြီးလိုအပ်ပါတယ်။ နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ဆိုတာ ကျောင်သားသူငယ်လေးတွေရဲ့ ပညာရေးအဆင့်အတန်းပေါ်မှာ အခြေခံတာဖြစ်ပါတယ်။


ပြောရရင် နိုင်ငံရဲ့ရေသောက်မြစ်ဖြစ်ပါတယ်။ အခုလို ချစ်စရာကြည်နူးစရာမြင်ကွင်းလေးတွေကိုကြည့်ရင်း ဆရာနဲ့ကျောင်းသားတို့ရဲ့ ဆက်ဆံရေးကို အားလုံးသိမြင်ခံစားအတုယူနိုင်စေဖို့ တင်ပေးလိုက်ပါတယ်။ အားလုံးလည်း ပျော်ရွှင်ကြပါစေဗျာ။ မူရင်းပို့ပိုင်ရှင်ကိုလည်း လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်။


credit-သာဂိ