ကိုဗစ်ကပ်ဆိုးကြီးဟာ ဆိုးသထက် ပိုပိုဆိုးလာနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

2020-07-16 20:24:43


ကိုဗစ်ကပ်ဆိုးကြီးဟာ ဆိုးသထက် ပိုပိုဆိုးလာနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

ကိုဗစ်ကပ်ဆိုးကြီးဟာ ဆိုးသထက် ပိုပိုဆိုးလာနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဥက္ကဋ္ဌ Tedros Adhanom Ghebreyesus က ကိုဗစ်ကပ်ဆိုးကြီးဟာ ပိုပြီး ဆိုးသထက်ဆိုးလာပြီဖြစ်ကြောင်း ကမ္ဘာကို သတိပေးပြောကြားလိုက်ပါတယ်။ ဒီသတိပေးမှုကို ဂျီနီဗာမြို့ ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြုလုပ်ခဲ့တာပါ။


သူက အစည်းအဝေးမှာ ” ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောချင်ပါတယ် … တချို့သော နိုင်ငံတွေဟာ အလွန်မှားယွင်းတဲ့ လမ်းဘက်ကို ဦးတည်နေကြပါတယ် … အခုအချိန်ထိ ကိုဗစ်-၁၉ဟာ ကမ္ဘာ့လူသားထုရဲ့ နံပတ်(၁)ရန်သူအဖြစ် ရှိနေဆဲဆိုတာ သတိပေးပါရစေ “လို့ ပြောခဲ့ပါတယ်။


Tedros က ဆက်လက်ပြီး ” အခြေခံလိုက်နာရမယ့်အချက်တွေကို မလိုက်နာဘူးဆိုရင် ကူးစက်ပျံ့နှံ့မှုက တိုးလာဖို့ပဲ ရှိပါတယ် … အခုဆိုရင် အခြေအနေက ဆိုးသထက် ဆိုးသထက်ကို ဆိုးနေပါပြီ “လို့ ပြောခဲ့ပါတယ်။ လက်တလော စာရင်းတွေအရ ကမ္ဘာအနှံ့ကူးစက်မှုဟာ လူဦးရေ (၁၃)သန်း ကျော်သွားပါပြီ။ သေသူကတော့ (၅)သိန်းကျော် ဖြစ်ပါတယ်။


ပိုကြောက်စရာကောင်းတဲ့အချက်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇူလိုင် (၁၂)ရက်နေ့ တစ်ရက်တည်းမှာပင် ကမ္ဘာတစ်ဝှမ်း ကူးစက်သူဦးရေ (၂၃၀၀၀၀)အထိ ရှိခဲ့ပါတယ်။ ဒီအထဲမှာ (၈၀)%ကတော့ နိုင်ငံပေါင်း ဆယ်နိုင်ငံမှ ဖြစ်ပြီး။ (၅၀)%ကတော့ နိုင်ငံကြီးနှစ်နိုင်ငံတည်းက ဖြစ်ပါတယ်။ ဒါဟာ အလွန်ဆိုးရွားနေပြီဆိုတာ မြင်သာစေမှာပါ။


WHO ရဲ့ အရေးပေါ်အခြေအနေ တုန့်ပြန်ရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ Mike Ryan ရဲ့အဆိုအရတော့ တစ်ချို့သော အမေရိကပြည်နယ်တွေမှာ ကန့်သတ်မှုတွေလုပ်ဖို့ လိုအပ်နေပြီး၊ ပထဝီဝင်အနေအထားအရ သတ်သတ်မှတ်မှတ် Lockdown တွေလုပ်ဖို့ လိုနေတယ်လို့ ထောက်ပြထားပါတယ်။


လင်းဇော်ကို (D Nae Khit)