ဒေါပုံ ဂျပန်တံတား အနီး ၁၅ ပေကုန်းတံတားချဉ်းကပ်လမ်းက ခရီးသည်တင်ကားတစ်စီး ထိုးကျမှု ဖြစ်

2020-07-11 00:32:42


ဒေါပုံ ဂျပန်တံတား အနီး ၁၅ ပေကုန်းတံတားချဉ်းကပ်လမ်းက ခရီးသည်တင်ကားတစ်စီး ထိုးကျမှု ဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ မဂ်လာတောင်ညွန့်မြို့နယ် ဒေါပုံတံတားအနီး ၁၅ ပေ ကုန်းကျော်တံတား အတက် ချဉ်းကပ်လမ်းတွင် လမ်းဘေး ပလက်ဖောင်းများကို ဝင်တိုက်ပြီး ခရီးသည်ယာဉ်လိုင်း ကားတစ်စီးထိုးကျမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ ယနေ့ည ၈ နာရီခွဲ ဝန်းကျင်ခန့်က ခရီးသည်များကို တင်ဆောင်လာသည့် အမှတ် ၉ ယာဉ်လိုင်း YBS မော်တော်ယာဉ်မှာ



ဒေါပုံ – သာကေတ ဂျပန်တံတားသစ်မှ မဂ်လာဈေးဘက်သို့ အသွား ၁၅ ပေ ကုန်းကျော်တံတား အရောက်တွင် တံတားလက်ရန်းနှင့် ဓါတ်တိုင်များကို ဖြတ်တိုက်ကာ ချဉ်းကပ်လမ်း ယာဘက်သို့ ခရီးသည်များနှင့်အတူ ထိုးကျ သွားခဲ့ကြောင်း သိရသည်။


ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းသူအပါအဝင် ကျား ၂ ဦး မ ၂ ဦး ထိခိုက်ဒဏ်ရာများရကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ယာဉ်မှူးစစ် ဒုရဲအုပ်တစ်ဦးက ပြောသည်။


ကိုထွဋ်

(သတင်း ဓါတ်ပုံ)

Pyi Myanmar