အသက် ၁၁နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး သားမယားပြုကျင့်ခံရ

2020-07-09 20:13:04


အသက် ၁၁နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး သားမယားပြုကျင့်ခံရ

အသက် ၁၁နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး သားမယားပြုကျင့်ခံရ


ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ၊ ညောင်ကျေးရွာအုပ်စု ၅၅၅ သဲကွင်းရှိ ကျူးနေအိမ်နေ အသက် ၁၁နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သားမယား ပြုကျင့်ခံရမှု ဇူလိုင်လ ၇ရက်နေ့က ဖြစ်ပွားကြောင်း သိရသည်။


“ကျွန်မ ကုန်စိမ်းရောင်းနေစဉ် ညောင်ကျေးရွာအုပ်စု ၅၅၅ သဲကွင်း၊ စံပယ် (၁)လမ်းအတွင်းရှိ ဆောက်လက်စ အဆောက်အအုံသို့ သမီးဖြစ်သူကို အမျိုးသားတစ်ဦး ခေါ်ယူ၍ဝင်သွားတယ်ဟု နေအိမ်အနီးနားနေသူ တစ်ဦးက လာရောက်ပြောဆို၍ လိုက်လံကြည့်ရှုစဉ် သားမယား အဖြစ် ပြုကျင့်နေတဲ့ မြင်ကွင်း တွေ့ရှိ ခဲ့ရကြောင်း” မိခင်ဖြစ်သူက ဆိုသည်။


“ကျွန်မ သမီးကို မေးတော့ လွန်ခဲ့သော ၄လခန့်က သူတို့ ချစ်ကြိုက်ကြပြီး မကြာသေးမှီ တစ်လခန့်က သားမယား တစ်ကြိမ်ပြုကျင့်တယ်။ ဇူလိုင် ၁ရက်နေ့က အိပ်ပျော်နေစဉ် နေအိမ်အတွင်း ဝင်ရောက်၍ သားမယား တစ်ကြိမ်ပြုကျင့်တယ်။ ယခု တစ်ကြိမ် သားမယားအဖြစ် ထပ်မံပြုကျင့်တယ်”ဟု ပြောပြသိရှိရကြောင်း ဆိုသည်။


အသက် ၁၁နှစ်အရွယ် အမျိုးသမီးဖြစ်သူကို ဖြားယောင်း သွေးဆောင် ခေါ်ယူ၍ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်သည့် အသက် ၁၇အရွယ် စိုးလင်းအောင် (ခ) လက်သဲ ကို အရေးယူပေးပါရန် ယနေ့ ဇူလိုင် ၈ရက်နေ့ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းတွင် တရားလို ပြုလုပ် တိုင်တန်းခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု ယူဆရသော အသက် ၁၇အရွယ် စိုးလင်းအောင်(ခ) လက်သဲ ကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ (ပ)၃၅၉၂/၂၀၂၀ ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၆၃/၃၇၆ဖြင့် အမှုဖွင့်၍ ဖမ်းဆီး၍ စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း စုံစမ်းသိရှိရသည်။


ညီညီ(လှိုင်သာယာ)

Top Phoenix Media Group