ငါးလောင်းပြိုင်လူသတ်မှုသံသယရှိသူနှစ်ဦးကိုဖမ်းဆီးရမိ

2020-07-08 19:10:25


ငါးလောင်းပြိုင်လူသတ်မှုသံသယရှိသူနှစ်ဦးကိုဖမ်းဆီးရမိ

ငါးလောင်းပြိုင်လူသတ်မှုသံသယရှိသူနှစ်ဦးကိုဖမ်းဆီးရမိ


ရဲတပ်ဖွဲ့အနေဖြင့်ကေအိုင်အေကေအိုင်အေအဖွဲ့၏ထိန်းချုပ်မှုနယ်မြေဖြစ်ခြင်းကြောင့်နယ်မြေလုံခြုံရေးအခြေအနေအရရဲလုပ်ငန်းဆောင်ရွက်ရန်အခက်အခဲရှိနေကြောင်းသိရှိရပြီး သေဆုံးသူများကို ဒိန်စီတိုက်နယ် တာဝန်ခံဘုန်းတော်ကြီးRev.FrSundayAung၊ပန်ခတ်တိုက်နယ် တာဝန်ခံဘုန်းတောကြီးRev.FrPaulLahpaiAungDangနှင့်ဓမ္မဆရာများသွားရောက်ဆုတောင်းပေးခဲ့ပြီး၃.၇.၂၀၂၀ရက်နေ့ကမီးသဂြိုလ်ပေးခဲ့သည်။


အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့်နေရာသည်မန်စီမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့်ရဲလုပ်ငန်းဆက်လက်ဆောင်ရွက်ရန်အခက်အခဲဖြစ်နေရပြီးကာယကံရှင်မိသားစုဝင်များကလည်းလာရောက်တိုင်ကြားအမှုဖွင့်လှစ်ခြင်းမရှိသေးကြောင်းသိရသည်။


KIOထိန်းချုပ်နယ်မြေကတာ၀န်ရှိသူများကဖြစ်စဉ်နှင့်ပါတ်သက်ပြီးမိသားစုငါးဦးအသတ်ခံရတဲ့အမှု့ကျုးလွန်တယ်လို့သံသယရှိသူရွာသားနှစ်ဦးကိုဖမ်းဆီးစစ်ဆေးနေတယ်လို့ကချင်လွတ်လပ်ရေတပ်မတော်(KIO)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောကြားကာ


၎င်းတို့မှာDashiTuRing (၃၇) နှစ်နှင့်ShamNaw(၃၁)နှစ်တို့ကိုအဲဒီအခင်းဖြစ်ပြီးနာရီပိုင်းအကြာမှာမသင်္ကာသူအသက် (၄၀)နှစ်ခန့်အရွယ်ရွာသား ၂ဦးကိုKIOအုပ်ချုပ်ရေးအဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပြီးအမှု့ကိုအမှန်တရားပေါ်ပေါက်ရေးအတွက်စစ်ဆေးနေကြောင်း ဗိုလ်မှူးကြီးနော်ဘူထံကသိရှိရသည်။


ဇော်၀င်းအောင်(ကချင်မြေ)S .H


ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်