နေပြည်တော်က ကြည်ညိုဖွယ်မရှိတဲ့ ရုပ်ပွားတော် ၆၇ ဆူကို ဖျက်သိမ်းဖို့ သာသနာရေးဌာန ညွှန်ကြား

2020-07-07 22:46:53


နေပြည်တော်က ကြည်ညိုဖွယ်မရှိတဲ့ ရုပ်ပွားတော် ၆၇ ဆူကို ဖျက်သိမ်းဖို့ သာသနာရေးဌာန ညွှန်ကြား

နေပြည်တော်က ကြည်ညိုဖွယ်မရှိတဲ့ ရုပ်ပွားတော် ၆၇ ဆူကို ဖျက်သိမ်းဖို့ သာသနာရေးဌာန ညွှန်ကြား


နေပြည်တော်၊ ပျဉ်းမနားမြို့က စိန္တာမုနိကျောင်း ဆရာတော် တည်ထားတဲ့ ရုပ်ပွားတော် ၆၇ ဆူဟာ ကြည်ညိုဖွယ်မဆောင်တဲ့အတွက် ဖျက်သိမ်းဖို့အတွက် နေပြည်တော်သံဃနာယကအဖွဲ့က ဆရာတော်ကို သြဝါဒပေးခဲ့တယ်လို့ သာသနာရေးဝန်ကြီးဌာနက ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။


ထုဆစ်ထားတဲ့ ရုပ်ပွားတော်ပုံတွေဟာ ကြည်ညိုလေ့ရှိတဲ့ မုဒြာ ၅၅ မျိုးမှာပါဝင်တဲ့ ပုံစံမဟုတ်ပဲ ဆံတော်နေရာမှာ ကြာပန်းပြုလုပ်တာ၊ လက်မောင်းတော်၊ ချက်တော်၊ ဒူးတော်၊ ကျောဘက်နဲ့ ဦးခေါင်းအနောက်ဘက်မှာ ခရုပတ်ထည့်သွင်းထားတာ၊ ညာလက်တော်က ရှေ့ကိုချထားပြီး ဘယ်ဘက်လက်တော်က နောက်ဘက်ကို ဖြန့်ချထားတာတွေက ဥဒ္ဒိသက စေတီတော်အဖြစ် ထားရှိကြည်ညိုဖို့ မသင့်တော်ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။


အဲဒီရုပ်ပွားတော်တွေဟာ အေးချမ်းတဲ့ပုံရိပ်တွေနဲ့ ဆန့်ကျင်နေတယ်လို့လည်း ဆိုထားပါတယ်။ ရုပ်ပွားတော်တွေနဲ့ ပတ်သက်ပြီး အင်တာနက်စာမျက်နှာတွေမှာလည်း ဝေဖန်မှုတွေရှိခဲ့ပါတယ်။


ဒီရုပ်ပွားတော်တွေကို ဦးဆောင်ထုဆစ်တဲ့ ဆရာတော်ဟာ တောထွက်ရဟန်းတစ်ပါးဖြစ်ပြီး ပိဋကတ်စာပေ တက်ကျွမ်းမှု မရှိသလို အလှူရှင်ကိုယ်ကျိုးစီးပွားအတွက် လောကီအစီအမံတွေပေါင်းပြီး ပြုလုပ်ထားတဲ့ ရုပ်ပွားတော်တွေဖြစ်လို့ ဇူလိုင် ၆ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အခုလို ရုပ်ပွားတော်တွေ တည်ထားတာ မသင့်တော်တဲ့အတွက် အရေးယူပေးဖို့ ရေးသားထားတာတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံနှံလာတဲ့နောက် အခုလို အရေးယူတဲ့ဖြစ်စဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။