တရုတ်နိုင်ငံက ပြန်လာသည့် အမျိုးသမီး ၁ ဦး နေအိမ်ပြန်သွားသဖြင့် တာဝန်ရှိသူများ ပြန်ခေါ်

2020-07-06 22:26:15


တရုတ်နိုင်ငံက ပြန်လာသည့် အမျိုးသမီး ၁ ဦး နေအိမ်ပြန်သွားသဖြင့် တာဝန်ရှိသူများ ပြန်ခေါ်

တရုတ်နိုင်ငံက ပြန်လာသည့် အမျိုးသမီး ၁ ဦး နေအိမ်ပြန်သွားသဖြင့် တာဝန်ရှိသူများ ပြန်ခေါ်


တရုတ်နိုင်ငံကနေ ပြန်လာသူတွေကို တာဝန်ရှိသူတွေက Quarantine နေရာကို ခေါ်ဖို့ စောင့်နေတုန်း အမျိုးသမီး ၁ ဦး အိမ်ပြန်သွားတာကြောင့် လိုက်လံတားဆီးပြီး ပြန်ခေါ်ခဲ့ရတယ်လို့ သိရပါတယ်။


တရုတ်နိုင်ငံကနေ ပြန်လာပြီး မန္တလေးကနေ ရထားနဲ့ ပြန်လာကြသူတွေထဲမှာ မြောက်ဥက္ကလာပမြို့နယ်က ၄ ယောက်ပါလာတယ်လို့ ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူး ဦးသောင်းလွင်က ပြောပါတယ်။


“သူတို့ ဘူတာကနေ ဆင်းတာတော့ အုပ်ချုပ်ရေးမှူး ၂ ယောက်က စာရင်းရေးနေတုန်း ကောင်မလေးက သူ့အဒေါ်နဲ့အတူ တက္ကစီငှားပြီး အိမ်ပြန်သွားတာ။ ကျနော်တို့မှာ တက္ကစီနံပါတ်ရော သူတို့ ဖုန်းနံပါတ်ရောရှိတော့ လှမ်းခေါ်ပြီး လမ်းမှာပဲ ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ လူနာတင်ယာဉ်လည်း တခါတည်းခေါ်ပြီး ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာပဲ ခေါ်လာခဲ့တာပါ” လို့ ပြောပါတယ်။


သူတို့ကို RC 2 က အမရာဆောင် Quarantine နေရာကို ပို့ပေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။