သေမင်းပါးစပ်ပေါက်ဝကနေ သီသီလေး လွတ်မြောက်လာတဲ့ ရေမဆေးသမား တစ်ဦးရဲ့ ပြောပြချက် ( ရုပ်/သံ )

2020-07-05 23:00:00


သေမင်းပါးစပ်ပေါက်ဝကနေ သီသီလေး လွတ်မြောက်လာတဲ့ ရေမဆေးသမား တစ်ဦးရဲ့ ပြောပြချက် ( ရုပ်/သံ )

သေမင်းပါးစပ်ပေါက်ဝကနေ သီသီလေး လွတ်မြောက်လာတဲ့ ရေမဆေးသမား တစ်ဦးရဲ့ ပြောပြချက် ( ရုပ်/သံ )


အသက်ဘေး ကနေ သီသီလေး လွတ်မြောက်လာတဲ့ ရေမဆေးသမား တစ်ဦးရဲ့ ပြောပြချက် ( ရုပ်/သံ )ကျောက်စိမ်းမြေ မှာ ကြေလွင့်သွား တဲ့ အသက်များသူကတော့ အသက်ဘေး ကနေ သီသီလေးလွတ်မြောက်လာတဲ့ ရေမဆေးသမား တစ်ဦးဖြစ်သူ ကိုသိန်းသန်းစိုးပါ။


ပြီးခဲ့တဲ့ ရက်ပိုင်းက ဖားကန့် ၊ ဝှေခါမှော်မှာ မြေပြို မှုဖြစ်ပွား ချိန်မှာ ကိုသန်းစိုး လည်း ရေမဆေးကျောက်ရှာဖွေ နေချိန် ဖြစ်ပါတယ်။ဒါပေမယ့် မြေပြိုတာကို သိသိချင်းပဲ အမြန်ပြေး တက်လာနိုင်တဲ့အတွက် အသက်ဘေးက နေလွတ်ခဲ့တာပါ။ ကိုသန်းစိုးလို အချိန်မီပြေးမတက် နိုင်တဲ့သူတွေ ကတော့ အသက်ဆုံးရှုံး ခဲ့ရပါတယ်။


ကိုသန်းစိုး လိုပဲ ရရာပြေးဆွဲပြီး တက်ပြေး ခဲ့လို့ အသက်ဘေးက လွတ်မြောက် သွားသူတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီလိုလူမျိုးက လူနည်းစုပါ။ဖြစ်စဉ်ကို မြင်တွေ့လိုက်ရတဲ့ ဒေသခံတွေ မြေပြိုကျမှုမှာ ပါသွားတဲ့ရေမဆေးကျောက် ရှာဖွေသူဟာ နှစ်ရာလောက် ရှိမယ်လို့ခန့်မှန်း ထားပါတယ်။မြေပြိုတာကို ကြားရပြီးနောက် ဖြစ်စဉ်ကို သွားရောက်ကြည့်ရှုခဲ့သူ အမျိုးသမီးတစ်ဦးဖြစ်သူ မခင်နှင်းဌေး ကအခု လိုပြောပြပါတယ်။


မြေပြိုကျမှု ဖြစ်စဉ်ထဲမှာ တူတော်စပ်သူ ပါသွားတဲ့ ဦးအောင်သန်း ကတော့ သူရဲ့ တူသားကို ပြန်တွေ့ ရပေမယ့် အသက်မရှိတော့ပါဘူး။ဒီကနေ့ အထိတော့ ကယ်ဆယ်ရေးလုပ်ရာ မှာ ရုပ်အလောင်း ၁၇၄ လောင်းကိုတွေ့ရှိ ထားရပါပြီ။ ကယ်ဆယ်ရေး လုပ်ရတာ ကတော့ မလွယ်ကူလှပါဘူး။ရာသီဥတု အခြေအနေအရ မိုးသည်းလာတဲ့ အချိန်မှာ ခေတ္တရပ်နားလိုက် ရတာတွေရှိပါတယ်။ရှာဖွေ ကယ်ဆယ်ရေးဟာ ဒီကနေ့ ဆိုရင် သုံးရက်မြောက်ရှိလာပြီဖြစ်ပြီး အလောင်းပြန်တွေ့ရနိုးနိုး နဲ့ လာရောက်စောင့်ဆိုင်း နေတဲ့ သူတွေလည်း ရှိနေဆဲပါ။


ပြန်လည်ရှာတွေ့ ခဲ့တဲ့ ရုပ်အလောင်းတွေ ကို သက်ဆိုင်ရာ မိသားစုဝင်တွေက ပြန်လည်သယ်ဆောင်ကြတာ ရှိသလို မိသားစုဆန္ဒအရ အုပ်ချုပ်ရေး အဖွဲ့ ကလည်း သဂြိုဟ်ပေးတာရှိပါတယ်။ပိုင်ရှင်မဲ့ အလောင်းအချို့လည်းရှိနေပြီး ဒီအလောင်းတွေ ကိုတော့ အုပ်ချုပ်ရေးဘက်ကပဲ သဂြိုဟ်ပေးသွားမယ်လို့ သိရပါတယ်။


ကယ်ဆယ်ရေး အဖွဲ့တွေကတော့ ကြိုးစားပမ်းစား ရှာဖွေနေတုန်း ပါပဲ။ဒါ့အတူ မြေပြိုတဲ့ အထဲ ပါသွားတဲ့ မိမိ တို့ရဲ့သက်ဆိုင်သူတွေ ၊မိသားစုဝင်တွေ ၊ မိတ်ဆွေတွေ ကို ပြန်တွေ့ ရဖို့ မျှော်လင့်တကြီး နဲ့ စောင့်မျှော်နေကြသူတွေကလည်း ကယ်ဆယ်ရေး အဖွဲ့တွေ ရဲ့ခပ်လှမ်းလှမ်းမှာ ဟိုတစ်စု ၊ဒီတစ်စု တွေ့မြင်နိုင်ပါတယ်။


ရုပ်သံကြည့်ရန်