အသက်၁၄နှစ်အရွယ်သမီးဖြစ်သူကို ဖခင်အရင်းက ပြုကျင့်

2020-07-05 22:22:05


အသက်၁၄နှစ်အရွယ်သမီးဖြစ်သူကို ဖခင်အရင်းက ပြုကျင့်

အသက်၁၄နှစ်အရွယ်သမီးဖြစ်သူကို ဖခင်အရင်းက ပြုကျင့်


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အင်းငယ်ကျေးရွာအုပ်စု၊ ပင်သာ ကျေးရွာတွင် ဇူလိုင်လ ၃ရက်နေ့က အသက်၁၄နှစ်အရွယ် သမီးဖြစ်သူကို ဖခင်အရင်းမှ သားမယာအဖြစ်ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


မိခင်ဖြစ်သူက နေအိမ်တွင်မရှိဘဲ သားဖြစ်သူကို အပြင်သို့ သွားရောက် ရှာဖွေနေခိုက် ဖခင်ဦးကံထွန်း(၅၈ နှစ်)က ၎င်းအိမ်ယာဘေး အိမ်နေသည့် အသက် ၁၄နှစ် အရွယ် သမီးဖြစ်သူ၏ ခြင်ထောင်ထဲ ဝင်ရောက်ကာ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်နေစဉ် အဒေါ်ဖြစ်သူ တွေ့ရှိ၍ ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်းကြားခြင်းဟု ဆိုတယ်။


“ကျေးရွာအုပ်ချုပ်ရေးမှူးက အသက် ၁၄နှစ်အရွယ် အမျိုးသမီးငယ်ကို မေးမြန်းရာ လွန်ခဲ့သည့် ၂၀၂၀ခုနှစ် မေလ ရက်မမှတ်မိ နေ့လယ်၁၂နာရီအချိန်ခန့်က သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ပြီး ‘ထုတ်ပြောလျှင် ရန်ဖြစ်လိမ့်မည်’ဟု ပြုကျင့်သူ ဖခင်အရင်းမှ ခြိမ်းခြောက်တားမြစ်ခဲ့ကြောင်း ပြောဆိုတယ်”ဟု ရဲမှတ်တမ်းအရ သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ခဲ့သူ ဦးကံထွန်း (၅၈ နှစ်) အင်းငယ်ကျေးရွာအုပ်စု၊ ပင်သာကျေးရွာ နေထိုင်သူကို ပင်းတယမြို့မရဲစခန်းမှ (ပ) ၂၃/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၃၇၆ဖြင့် အမှုဖွင့် ဖမ်းဆီး၍ စစ်ဆေးအရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။


ဦးပြုံး(နိုင်ငံမျက်လုံး)/ ဓါတ်ပုံ-credit

Top Phoenix Media Group