(၅) နှစ်အရွယ် မြန်မာနိုင်ငံသား သမီးငယ်လေးတဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ

2020-07-05 19:40:54


(၅) နှစ်အရွယ် မြန်မာနိုင်ငံသား သမီးငယ်လေးတဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ

(၅) နှစ်အရွယ် မြန်မာနိုင်ငံသား သမီးငယ်လေးတဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ


အဆိုပါအမှုကိုကျူးလွန်ခဲ့သူ အသက် ၃၃ နှစ်ခန့်ရှိသူသည် ယနေ့နံနက်ပိုင်းက မဲဆောက်ရှိရဲစခန်းတွင် ဝန်ခံခဲ့ခြင်းဖြစ်သည်။


ယမန်နေ့ည ၈ နာရီခန့်က ပျောက်ဆုံးသွားသည့် သေဆုံးသူကလေးမလေးကို ယနေ့နံက်ပိုင်းက အိမ်နှင့်အလှမ်မကမ်းတွင်ရှိသော ချုံပုတ်ထဲတွင် အလောင်းကိုပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။


အလောင်းကိုပြန်တွေ့ရာတွင် လက်နောက်ပြန်ကျိုးတုတ်ထားလျှက် ပါးစပ်ထဲတွင်အဝတ်စထည့်ထားသည့်အပြင် ခြေနှစ်ဖက်ကိုလည်း ကြိုးဖြင့်တုတ်ထားသည်။


လာရောက်စစ်ဆေးခဲ့သည့် မှုခင်းဆရာဝန်က တရားဝင်ပြောကြားခြင်းမရှိသေးသော်လည်း စစ်ဆေးမှုတွင်ပါဝင်သည့် အရာရှိတဦးက ကလေးမလေးမှာ အသက်ရှူမရ၍ သေဆုံးရခြင်းဖြစ်သလို မုဒိမ်းပြုကျင့်ခံထားရသည်ကိုလည်း စစ်ဆေးတွေ့ရှိရသည်ဟု ထိုင်းသတင်းထောက်တဦး၏အမေးကို ပြန်လည်ပြောဆိုခဲ့သည်။


သေဆုံးသူမှာ မဲဆောက်မြို့ မူဂျာဟေဒင်ရပ်ကွက်နေ ဦၤးကာဆင် ဒေါ်ဟာတီမာ တို့၏သမီး မစူဟာနာဖြစ်သည်။ကလေးမလေးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူမှာ မြန်မာနိုင်ငံသား စလင်း အသက် (၃၃) နှစ်ခန့်ဖြစ်သည်။


စလင်းသည် မြန်မာနိုင်ငံတွင် ကလေးငယ်တဦး (ကျား) ကို အလိုမတူဘဲ မုဒိမ်းကျင့်ခဲ့သည့်အတွက် ထောင်ဒဏ် (၈) နှစ်ကျခံခဲ့ရာမှ ပြန်လည်လွတ်မြောက်လာကာ မဲဆောက်မြို့သို့ လွန်ခဲ့သည့် (၁) လကျော်က ရောက်ရှိလာသူလည်းဖြစ်သည်။


သေဆုံးသူမိသားစုဝင်များနှင့် စလင်းသည် ဆွေမျိုးများလည်းတော်စပ်သည်။အမှုဖြစ်စဉ်နှင့်ပတ်သက်၍ မဲဆောက်ရဲက အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်လျှက်ရှိသည်။